အတိတ်မှကိစ္စများနှင့်ပတ်သတ်၍ အမှန်တကယ် များများစားစား ရှင်းရှင်းလင်းလင်းမမှတ်မိတော့ပါပေ။
ဝိန်းရိဖန်အနေဖြင့် အတိတ်မှအရာများအား ပြန်တွေးကြည့်နေခြင်းမျိုးမှာသိပ်လုပ်လေ့မရှိ ၊ သို့သည့်တိုင် တစ်ခါလေးမျှ ပြန်တွေးကြည့်လိုက်မိတိုင်းတွင် အထူးသဖြင့် စန်းရန်နှင့်ပတ်သတ်သည့်မှတ်ဥာဏ်များဆိုလျှင် ပုံရိပ်တစ်ခုချင်းစီတိုင်း အသေးစိတ်တစ်ခုချင်းစီတိုင်းကိုတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။
ဤအချိန်အခါလေးသည်လည်း မှတ်မိနေသည့်အထဲ သေချာပေါက်အပါအဝင်။
ထိုအချိန်က သူမ အသေအချာခံစားမိလိုက်သည်မှာ သူမ၏နှလုံးခုန်သံများ တစ်ခဏရပ်တန့်သွားခဲ့သည့်အကြောင်းပင်။
------
အရှေ့မှာရှိနေသည့် ကျုံးစစ်ချောင်က စကားပြောနေဆဲဖြစ်၏။
"အဲ့အချိန်တုန်းက ငါနဲ့ ချွေးကျင့်ယွီနဲ့က တန်းခွဲတစ်ခုတည်းလေ ၊ နေ့တိုင်းနေ့တိုင်း သူပြောပြတဲ့ စန်းရန်အကြောင်းတွေကိုမရိုးနိုင်အောင်နားထောင်ခဲ့ရတာ ၊ အဲ့ဒါနဲ့ပဲ ငါတို့အတန်းထဲက စန်းရန်ကိုမသိတဲ့လူတွေတောင် သူပြောလွန်းလို့ အားလုံး သိကုန်ရော"
ဝိန်းရိဖန် ငြိမ်၍နားထောင်နေမိရင်း နှုတ်ခမ်းထောင့်စွန်းများထက်တွင်လည်းအကွေးရာလေးတစ်ခု ပေါ်လာတတ်သေးသည်။
"အေ့...ငါ ခုဏတုန်းကမေးတဲ့မေးခွန်းကို နင် ပြန်မဖြေရသေးဘူးနော် ၊ ဘာပဲဖြစ်ဖြစ် နှစ်တွေလည်းအများကြီးကြာခဲ့ပြီဆိုတော့ ငါတို့ စကားအဖြစ်တော့ပြောကြရအောင်"
ကျုံးစစ်ချောင် မူလခေါင်းစဥ်ဆီသို့ပြန်ရောက်သွားပြီး စနောက်ချင်သည့်အမူအရာဖြင့် ;
"သဘောကျတဲ့အဆင့်ထိ ငါမပြောသေးဘူး ၊ အရင်ဆုံး ရင်ခုန်ခဲ့ဖူးလား? စိတ်လှုပ်ရှားသလိုမျိုးလေ"
"...."
"ပြန်မဖြေဘူးဆိုတော့.....ဒါဆို နင် ဝန်ခံတယ်လို့ ငါသတ်မှတ်လိုက်မှာနော်"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-