T/N ; ဒီ chapter လေးက 'ကျူးယိ'လောင်ရှစ် Weibo ပေါ်မှာ တင်ပေးခဲ့တဲ့ စာပိုဒ်လေးပါ ၊ နောက်တော့ 偷偷藏不住 - Hidden Love Novel ရဲ့ Side Extra အဖြစ် ထည့်ပေးလိုက်ပါတယ် ၊ Hidden Love ရဲ့ Extra ဆိုပေမယ့် 难哄 - Frist Frost အကြောင်းကို ရေးထားတာမလို့ ကိုယ် ဘာသာပြန် လိုက်ရခြင်းပါ )
--------
ဘာဆိုဘာမှနားမလည်သေးသော စန်းကျစ်လေး / ဖြောင့်တန်းလွန်းသည့်အမျိုးသား စန်းရန်၏ အသုံးမဝင်လှသောနည်းလမ်းများထဲကတစ်ခု / စန်းမိသားစုမှ မောင်နှမနှစ်ယောက်၏ မျိုးရိုးဗီဇအရပေါ်လာသော ဥာဏ်နီဥာဏ်နက်များ
--《 Hidden love 》 နှင့် 《 First Frost 》 တို့ပူးပေါင်းထားသည့် ပြဇာတ်ငယ်။
ရက်သတ္တပတ်၏ပိတ်ရက်တစ်ခုတွင် စန်းရန်သည် မိဘနှစ်ပါး၏အတင်းကာရောပြောဆိုနေမှုကြောင့် စန်းကျစ်ကို ခေါ်ပြီး အပြင်ထွက်လည်ပတ်ပေးရသည်။
ဤကဲ့သို့သောကိစ္စမျိုးများဖြစ်လာသည့် ပုံမှန်အချိန်တိုင်းတွင် သူ သေချာပေါက် စန်းကျစ်အား ခွေးတစ်ကောင်လိုဆွဲခေါ်၍ ပတ်ဝန်းကျင်တစ်ပတ် လမ်းပတ်လျှောက်ပေးကာ ချိုချဥ်နည်းနည်းပါးပါးဝယ်ကျွေးပြီး အိမ်ပြန်ခေါ်လာသည်ပင်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူ တစ်စုံတစ်ယောက်အား မထင်မှတ်ထားစွာဖြင့် တွေ့လိုက်ရသည်။
ကောင်မလေးက ဆံပင်အားလုံးကို သိမ်း၍စည်းနှောင်ထားရာ ချောမွေ့နေသည့်နဖူးပြင် ၊ နူးညံ့သိမ့်မွေ့သည့်အမူအရာနှင့် ကြည်လင်လွန်းသည့်မျက်နှာလေးက လှစ်ဟနေသည်။ ရိုးရိုးတီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကိုဝတ်ပြီး စာအုပ်ဆိုင်၏အပြင်ဘက်၌ မတ်တပ်ရပ်နေကာ အပြင်ဘက်တွင်ဖြန့်ခင်းထားသောစာအုပ်များအား ငုံ့ကြည့်နေ၏။
အလွန်ကိုမှ ငြိမ်သက်နေပါသည့်တိုင် မျက်စိအာရုံဖမ်းစားနိုင်လွန်းအောင်လည်း ထင်ပေါ်နေလေသည်။
သုံးစက္ကန့်နီးပါး ငေးကြည့်နေပြီးနောက်တွင် စန်းရန်က တွေးတွေးဆဆဖြစ်လာရင်း အရုပ်ဖြင့်ကစားနေသည့် စန်းကျစ်အား လှမ်းကြည့်လိုက်သည်။ သူ ခါးကိုကိုင်းချလိုက်ကာ ညင်သာသည့်အသံမျိုးဖြစ်အောင် အတင်းလုပ်ပြောလိုက်၍ ;
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-