Chapter 77

941 59 2
                                    

နှစ်​ယောက်သားက ပထမအလွှာသို့ ​ဆေးယူရန် ဆင်းလာခဲ့ကြသည်။

ဝိန်းရိဖန်က စန်းရန်၏လက်ထဲမှ မှတ်တမ်းစာရွက်များကိုလှမ်းယူလိုက်ပြီး အ​သေအချာဖတ်ကြည့်လိုက်ရာ စာ​ကြောင်းတစ်ချို့ကို ဖတ်ကြည့်ပြီး​နောက်တွင် သူမ ရုတ်တရက်ရပ်သွားပြီး လှမ်း​မေးလာ၏။

"နင် ခါးမှာ​ရော ဒဏ်ရာရသွားတာလား"

"အာ.."

စန်းရန်က ထိုအခါတွင်မှ ပြန်သတိရပြီး ;

"အ​ရေပြားပွန်းသွားရုံ​လေးပါပဲ ၊ မချုပ်ရဘူး"

"...."

ဤတစ်ကြိမ်တွင် ဝိန်းရိဖန်၏မျက်ဝန်းများ ​မှေးကျဥ်းသွားခဲ့ကာ သူ့အား စိတ်မကြည်​တော့သလို တည့်တည့်စိုက်ကြည့်လာ၏။

"ဆရာဝန်က ဘာ​တွေမှာလိုက်​သေးလဲ ၊ နင် နား​ရောနား​ထောင်ခဲ့လား"

စန်းရန်က စိတ်ထဲရှိရာ​ပြောလိုက်၏။

"တစ်ပတ်​နေရင် ပတ်တီးလဲရမယ် ၊ နှစ်ပတ်ကြာရင် ချုပ်ရိုးဖြည်ရမယ်"

ဝိန်းရိဖန် ;

"​ရှောင်ရမယ့်အစားအ​သောက်​ရောရှိလား"

"မရှိဘူး ၊ ပုံမှန်အတိုင်း စားလို့ရတယ်တဲ့"

စန်းရန်၏ပုံစံမှာ ​အေး​​အေး​ဆေး​ဆေးဖြင့် တစ်ကိုယ်လုံး ​သွေးထွက်လွန်ထားသည့်လူမှာ သူ မဟုတ်သည့်မျက်နှာထားနှင့် ​နေ​​နေ​လေသည်။

"ဒီ​လောက်​လေး ထိခိုက်မိထားတာကို ဒီ​လောက်ကြီးထိ အထူးဂရုစိုက်​​​ပေးဖို့ မထိုက်တန်ရပါဘူး"

"...."

ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်း​စေ့ထားပြီး အကြည့်လွှဲပစ်လိုက်၏။

"ငါ့ဘာသာငါပဲ စစ်ကြည့်​တော့မယ်"

သူမ၏အသံ​နေအသံထားကြောင့် စန်းရန်က ​ကြောင်အမ်းသွားရင်း အဓိပ္ပါယ်ပါပါဖြင့်စကားဆို၏။

"ဝိန်းရွှမ်းကျန့် ၊ မင်း အခု ကိုယ့်ကို စကား​ပြော​နေတဲ့အသံက အရမ်းပြင်း​နေတယ်​နော်"

ဝိန်းရိဖန်က သူ့ကိုလှည့်မကြည့်​တော့ဘဲ ​​ဆေးစပ်​​ပေးသည့်ဆရာမထံမှ ​ဆေးကိုလှမ်းယူ​နေပြီး တစ်​နေ့တာ​သောက်ရမည့်အကြိမ်​ရေကိုလည်း ​သေချာ​အောင်အတည်ပြု​မေးမြန်း​နေ၏။ ထို့​နောက်တွင်မှ သူ့ဘက်သို့ လှည့်ကြည့်လာပြီး ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now