အချိန်ဆယ်မိနစ်ကျော်ကျော်ယူသည့်ကိစ္စပြီးသွားမှသာ မီးဖိုချောင်ထဲမှ ထွက်လာနိုင်ခဲ့သည်။
ဆန်ပြုတ်ပြန်နွေးနေသည့်စန်းရန်အား အဖော်မလုပ်ပေးတော့ဘဲ ဝိန်းရိဖန် ဧည့်ခန်းထဲမှဆိုဖာဆီသို့ ထွက်လာခဲ့သည်။ ထူးထူးဆန်းဆန်းကို ခြောက်ကပ်သွားခဲ့သည့်နှုတ်ခမ်းပါးကိုခံစားမိနေရင်း တစ်ဖက်ကလည်း ခွက်ထဲ ရေအပြည့်ထည့်လိုက်သည်။ စိတ်သက်သာရာရသွားသည်နှင့်တပြိုင်နက် လွန်ခဲ့သောဆယ်မိနစ်ခန့်ကအဖြစ်အပျက်က ပြန်လည်မြင်ယောင်လာပါတော့၏။
စန်းရန်ပြောသည့်စကားအဆုံးတွင် ဝိန်းရိဖန်က သူ့အား အသံတိတ် ငေးစိုက်ကြည့်နေလိုက်သေးသည်။
နောက်တွင်တော့ စကားလုံးတစ်ခွန်းမဆို ၊ လက်နှစ်ဖက်ကိုမြှောက်ပြီး သူ့လည်တိုင်အား သိုင်းဖက်လိုက်ကာ အောက်သို့ဆွဲခေါ်လာခဲ့၍.....
ဤသို့ဤနှယ်တွေးကြည့်နေရင်း နောက်ထပ်ဖန်ခွက်ထဲသို့ ရေထပ်လောင်းထည့်နေလိုက်လေသည်။ နှုတ်ခမ်းပါးပေါ်မှ ပူနွေးပြီးထုံကျင်နေသည့်ခံစားချက်လေးမှာ အခုလေးတင်ရှိခဲ့သော ပြင်းပြင်းပြပြအနမ်းတစ်ခုအား လျစ်လျူရှူလိုက်ဖို့ရာ မတတ်နိုင်။
နောက်တစ်စက္ကန့်တွင်။
စန်းရန်က မီးဖိုချောင်ထဲမှထွက်လာပြီး ;
"လာခဲ့တော့"
ဝိန်းရိဖန်က ရေခွက်ကိုချ ၊ မတ်တပ်ထရပ်ပြီး ထမင်းစားပွဲနားသို့လျှောက်လာလိုက်သည်။ အခုလေးတင် နှစ်ယောက်သားက တရင်းတနှီးပူးကပ်ဖလှယ်ထားကြသောအပြုအမူတို့ကြောင့် အနည်းငယ်လည်းနေမထိထိုင်မသာဖြစ်နေခဲ့ကာ ဝိန်းရိဖန်သည် လက်ရှိတင်္ဒဂလေး၌ စန်းရန်နှင့်မျက်လုံးချင်း မဆုံရဲပါတော့ချေ။
စန်းရန် ;
"ပန်းကန်လုံး သွားယူလာခဲ့"
ဝိန်းရိဖန်က မီးဖိုချောင်ထဲဝင်သွားပြီး ပန်းကန်ခွက်ယောက်များအား နှစ်ယောက်စာ ယူလာခဲ့သည်။ ထမင်းစားပွဲဆီသို့ပြန်ရောက်သည့်အခါ စန်းရန်နှင့်မျက်နှာချင်းဆိုင်သည့်အချိန်တွင်တော့ သူ့နှုတ်ခမ်းတစ်နေရာဟာ အကိုက်ခံထားရသဖြင့် အနည်းငယ်သွေးစို့နေကြောင်း တွေ့လိုက်ရ၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-