Chapter 2

2K 127 3
                                    

တစ်​ယောက်နှင့်တစ်​ယောက်မ​တွေ့ဖြစ်ခဲ့ကြသည်မှာ အ​တော်​လေးကြာလွန်းလှခဲ့ပြီဖြစ်ပြီး ​နောက်ဆုံးအကြိမ်​တွေ့ခဲ့သည့်အချိန်ကတည်းကလည်း အဆက်အသွယ်ဟူ၍လုံးဝမရှိ။ ဝိန်းရိဖန်အတွက် ဤလူ၏တည်ရှိမှုကိုပင် ​​ရေး​တေး​တေး​ဖြင့်မေ့​ပျောက်လုနီးနီးဖြစ်သည်။

သို့သည့်တိုင် မှတ်မိ​နေပါ​သေးသည့်အရာက နှစ်​ယောက်သား ​နောက်ဆုံး​​ပြောခဲ့​သောစကားလုံးတို့မှာ ​နား​ထောင်​ကောင်းသည့်စကားလုံးများ​တော့ မဟုတ်​ခဲ့ပါသည့်အ​ကြောင်း​ပေ။

သူ့အ​နေဖြင့် သူမထံသို့ စိတ်မ​ကောင်းစွာဖြင့်ကူညီ​ပေးဖို့ရာ ​ရောက်လာမည့်ဆက်ဆံ​ရေးမျိုး ပို၍ပင်မဟုတ်ပါ​ချေ။

ဝိန်းရိဖန်း၏ ပထမဆုံးအ​တွေးမှာ....

တစ်ဖက်လူက သူမအား အမှတ်မှား​နေသည်ဟူ၍။

သို့​သော် ဦး​နှောက်ထဲသို့ ဝင်လာသည့် ​နောက်ထပ်အ​တွေးတစ်ခုမှာကား....

စန်းရန်သည်လည်း အချိန်နှင့်အမျှရင့်ကျက်လာခဲ့ကာ နှလုံးသားအတွေး​တို့ ကျယ်ပြန့်သွားနိုင်သည်ဟူ၍။ အတိတ်မှ အာဃာတတရားများကိုလွှတ်ချနိုင်ခဲ့ပြီး အတန်း​ဖော်​ဟောင်းတစ်​ယောက်ကို ပြန်​တွေ့သည့်စိတ်မျိုးဖြင့်သာ ဆက်ဆံ​နေ​လောက်သည်ဟူ၍ပင်။

ဝိန်းရိဖန်သည် အ​တွေးစများကိုပြန်သိမ်းယူလိုက်ပြီး လက်ထဲတွင်ကိုင်ထားသည့်အ​ပေါ်ဝတ်ဂျတ်ကတ်ကိုပြန်​ပေးရင်း မျက်ဝန်းများထဲတွင်​တော့ အ​တွေးများ၊မေးခွန်းများဖြင့် ပြည့်​နေခဲ့သည်။

စန်းရန်က လက်ခံမယူဘဲ သူ၏အကြည့်များကလည်း ပြန်​ပေး​နေသည့်လက်တစ်စုံကို​မျက်ကွယ်ပြု၍ ;

"ကိုယ်က ဒီ Bar ရဲ့ပိုင်ရှင်"

ဝိန်းရိဖန်၏လက်တစ်စုံက ​လေထဲတွင်ရပ်တန့်​နေပြီး တုန့်ပြန်မှုများပါ ​နှေး​ကွေးကုန်​​တော့သည်။

အချိန်တစ်ခုစာအတွင်း အ​ခြေအ​နေကို သိပ်နားမလည်နိုင်​ပါသေး​ချေ။

သူ့စကား၏အဓိပ္ပါယ်က သူ့ကိုယ်သူမိတ်ဆက်​နေခြင်းမျိုးနှင့်တူသည့်အပြင် လက်ရှိအချိန်၌ သူ့အ​ခြေအ​နေဟာ ဘယ်လိုဘယ်ပုံမကောင်းမွန်​နေသည့်အ​ကြောင်း ၊ အသက်ငယ်ငယ်​လေးဖြင့် အမြင့်သို့ရောက်ပြီး ပိုင်ရှင်သူ​ဌေး ဖြစ်​နေနှင့်သည့်အ​ကြောင်းအား ထုတ်​ဖော်ပြသ​နေသ​ယောင်​ယောင်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now