ပတ်ဝန်းကျင်တစ်ခွင်က ရှေ့မတိုးသာ နောက်မဆုတ်သာ ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ရောက်သွားခဲ့ပြီ။
တိတ်ဆိတ်နေသည့်လေထုကြီးထဲတွင် တပွက်ပွက်မြည်နေသည့်ဟင်းရည်ပွက်သံတစ်ခုတည်းသာ ရှိပြီး အမြင်အာရုံ၏အရှေ့တွင် ထောင်းထောင်းထနေသည့်ရေနွေးငွေ့များက အကြည်လွှာတစ်ခုသဖွယ် လျှပ်ပြေးနေကာ စန်းရန်၏မျက်ခုံးမျက်လုံးတို့ကို ဝေဝေဝါးဝါးသာ မြင်နေရ၏။
"အစတုန်းက ဒီမေဂျာကို ရွေးထားခဲ့တာမဟုတ်ဘူး"
ဝိန်းရိဖန်က မျက်လွှာချထားပြီး သဘာဝအကျဆုံးအကြောင်းပြချက်တစ်ခုသာ ပေးလိုက်၏။
"အဲ့ချိန်တုန်းက မေဂျာခွဲတဲ့အချိန်မှာ ပြဿနာတစ်ခုရှိသွားလို့နေမှာ ၊ လျှောက်ထားတဲ့ မေဂျာမရလိုက်ဘဲ ဆက်သွယ်ရေးမေဂျာကိုရောက်သွားတာ"
ဤစကားကိုကြားလိုက်ရပြီးနောက် စန်းရန်က အကြည့်များကိုပြန်ရုတ်သွားခဲ့ပြီး ဘီယာတစ်ငုံအားအေးအေးလူလူဖြင့်သာ သောက်လိုက်၏။
စန်းကျီသည်လည်း စန်းရန်ရှိရာသို့ လှမ်းကြည့်လိုက်ပြီးနောက်မှ ဝိန်းရိဖန်ဘက်သို့ ပြန်လှည့်သွားခဲ့ကာ လေထုအခြေအနေမှာ ကသိကအောက်နိုင်လွန်းနေမှန်း ခံစားမိလိုက်သည်။
ဝိန်းရိဖန်တစ်ယောက်တည်းကသာ အခြေအနေကိုမရိပ်မိသည့်အမူအရာမျိုးဖြစ်နေပြီး ဆက်၍ ;
"ဒါပေမယ့် အခုချိန်မှာတော့ အမှတ်စာရင်းထွက်လာပြီးမှ တက္ကသိုလ်တွေကိုလျှောက်တဲ့စနစ်မျိုးဖြစ်သွားခဲ့ပြီဆိုတော့ လျှောက်ရမယ့်အချိန်ကျရင် ညီမလေးက အရင်နှစ်တွေရဲ့ဝင်ခွင့်အမှတ်တွေကိုပြန်ကိုးကားကြည့်ပြီးမှ သတိထားဖြည့်ပေါ့"
"ဟုတ်"
စန်းကျီက တလေးတစားပုံစံလေးဖြင့် ;
"ကျေးဇူးတင်ပါတယ်....ရိဖန်ကျဲ"
စကားခေါင်းစဥ်က အခြားကိစ္စများထံသို့တဖြည်းဖြည်းပြောင်းသွားခဲ့ပြီး အရင်စကားခေါင်းစဥ်က သည်အတိုင်းကျော်ချလိုက်သလို ပြီးဆုံးသွားခဲ့သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-