ဝိန်းရိဖန်၏အသက်ရှူနှုန်းများ ရုတ်ချည်းရပ်တန့်သွားကာ မျက်တောင်များပင့်ပြီး စန်းရန်ကို လှမ်းကြည့်မိလိုက်တော့သည်။
"ယီဟယ်?"
စုဟောက်အန်းက အထူးအဆန်းဖြစ်သွားရသည့်အပြင် ပုံမှန်မဟုတ်သောကိစ္စတစ်ခုဖြစ်သောကြောင့်
"မင်း နောက်ဆုံးတစ်ခေါက် လေယာဥ်နဲ့ခရီးသွားတာက အလုပ်ကိစ္စနဲ့မဟုတ်ဘူးလား..ငါပဲ အမှတ်မှားနေတာလား..ဒါပေမယ့် မင်း ဘာကိစ္စမှလည်းမရှိဘဲနဲ့ ယီဟယ်ကို ဘာသွားလုပ်တာလဲ..ပြီးတော့ မင်း ဘယ်အချိန်တုန်းကသွားလိုက်တာလဲ..ငါလည်း မသိလိုက်ပါလား"
စန်းရန်က တစ်ဖက်သို့ခေါင်းလှည့်ကြည့်ပြီး
"မေးခွန်းက ဘယ်နှခုတောင်မေးနေမှာလဲ"
"အို့..ငါ သိပြီ"
အရက်သောက်ထားခြင်းကြောင့်လည်းဖြစ်နိုင်ကာ စုဟောက်အန်း၏အမူအရာ၊ခံစားချက်တို့က ပုံမှန်ချိန်များထက် ပို၍တက်ကြွနေပြီး သူက ဒေါသထွက်သွားသည့်ဟန်ဖြင့်
"မင်းကြီးတော်ကြီး သွမ့်ကျားရွှီဆီ သွားတာမလား"
စန်းရန်က ပြန်မဖြေ။
"ငါ တကယ်ကြီးကို လက်ခံလိုက်ပါပြီ"
စုဟောက်အန်းက ခပ်ကျယ်ကျယ်အော်ဟစ်ပစ်၍
"တကယ်လို့ လောင်ဇစ်သာ! နန်းဝူတက္ကသိုလ်ကို! လျှောက်နိုင်ခဲ့ရင်! မင်းနဲ့ ပေါက်ကရလေးဆယ်သတင်းထွက်ဖို့အတွက် သူ့အလှည့် ရောက်လိမ့်မယ်များထင်လား!"
"...."
စန်းရန်က စိတ်မရှည်လက်မရှည်ဖြင့်
"မင်း အသံကိုလျော့"
ကျုံးစစ်ချောင်၏ မိခင်တက္ကသိုလ်ကြီးမှာလည်း နန်းဝူတက္ကသိုလ်ပင်ဖြစ်သည့်အတွက် စုဟောက်အန်းပြောသွားသည့်စကားများ၏အဓိပ္ပါယ်ကို နားလည်နေခဲ့ကာ သဘောတကျလိုက်ရယ်လေတော့သည်။ဝိန်းရိဖန်အနားသို့ ကပ်လိုက်ပြီး တစ်ဖက်ကရယ်ရင်း တစ်ဖက်ကလည်းရှင်းပြလိုက်၏။
"စုဟောက်အန်းပြောတဲ့ အဲ့ဒီသွမ့်ကျားရွှီဆိုတာလည်း ငါတို့ကျောင်းကပဲ"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-