ကျူးယိလောင်ရှစ် - Weibo Update Mini Extra
~ 《 Hidden Love 》 နှင့် 《 First Frost 》 တို့ ပူးပေါင်းထားသည့်ပြဇာတ်ငယ်
>>>>>
ည ၁၁နာရီ ၅၉ မိနစ်။
ဝိန်းရိဖန်သည် ကိုင်ထားသည့်လက်တော့ပ်ကိုချပြီး အစောကတည်းက အိပ်ပျော်သွားနှင့်သည့် စန်းရန်၏ဘေးသို့ရွှေ့လာကာ သူ့ညာဘက်ပါးပြင်အား လက်ညှိုးဖြင့်ထိုးလိုက်သည်။ စန်းရန်က ချက်ချင်းမျက်မှောင်ကျုံ့သွားပြီး မျက်လုံးဖွင့်ကြည့်လာ၏။
နှစ်ယောက်သားမှာ အကြည့်ချင်းဆုံသွားကြ၏။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က နှုတ်ခမ်းပါးကိုကွေး၍ ပြုံးပြလိုက်၏။
"အားရန်....မွေးနေ့မှာ ပျော်ရွှင်ပါစေ"
မည်သည့်အပိုစကားမှထပ်မဆိုတော့ဘဲ သူ့နှုတ်ခမ်းထောင့်လေးအား အသာအယာနမ်းလိုက်သည်။
"ရပြီ ၊ နင် ပြန်အိပ်တော့"
ဝိန်းရိဖန် ပြန်ထသွားတော့မည်ကို မြင်လိုက်သည့်အခါ စန်းရန်သည် ဝိန်းရိဖန်ကိုလှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်၏။ အနည်းငယ်မျှသာ နိုးလာပုံရသေးသည့်သူက ခပ်အုပ်အုပ်အသံမျိုးဖြင့် ;
"ဘာလဲ"
ဝိန်းရိဖန်က စိတ်ရှည်ရှည်ဖြင့် နောက်တစ်ကြိမ်ဆိုလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"အင်း"
စန်းရန်က ဆက်၍ ;
" ၁၂ နာရီထိုးပြီလား"
"အင်းလေ"
နှစ်စက္ကန့်နီးပါး တိတ်ဆိတ်သွားပြီးနောက်တွင် စန်းရန်က သူမ၏ဆံပင်များကြားထဲသို့ တိုးဝေ့လာပြီး စကားထပ်ဆိုလာခဲ့သည်။
"ခြောက်နှစ်တောင်ရှိသွားပြီ"
ဝိန်းရိဖန်က ကြောင်အမ်းသလိုဖြစ်သွားပြီးမှ ပြုံးလိုက်မိ၏။
"အင်း....ခြောက်နှစ်တောင်ရှိသွားပြီ"
လူကို နိုးအောင်လုပ်မိသွားသည့်အကျိုးဆက်မှာ ဝိန်းရိဖန် ရေမချိုးချင်ဘဲချိုးလိုက်ရခြင်းပင် ဖြစ်သည်။ နောက်တွင်တော့ စန်းရန်က အိပ်မပျော်တော့သဖြင့် ဖုန်းကိုဖွင့်ပြီး Wechat ထဲဝင်ကြည့်လိုက်ရာ ဒါဇင်နှင့်ချီသည့်မက်ဆေ့ရောက်ကြောင်း အသိပေးသည့်အနီရောင်အစက်များက အပြည့်ရှိနေသည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-