Chapter 26

964 69 5
                                    

ကျန်​နေခဲ့သည့်စကားလုံးများက ကတ်ဆတ်တိပ်​ခွေထစ်သွားသကဲ့သို့ပင်ရပ်တန့်သွားကာ အခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွား​တော့သည်။

စန်းရန်၏မျက်​တောင်များက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး သူ့ရှု့​ထောင်မှကြည့်လျှင် ဝိန်းရိဖန်၏ခပ်​ယောင်း​ယောင်းပွ​နေသည့်ဆံပင်တို့နှင့် လွှာချထားသည့်မျက်​တောင်​မွှေးများကိုသာ မြင်​နေရသည်။ လည်စလုတ်က အထက်မှ​အောက်သို့ တစ်ချက်​ရွေ့လျားသွားခဲ့ပြီး ​ခြောက်ကပ်ကပ်နိုင်လှသည့်အသံတို့ဖြင့် ;

"မင်း ဒါဘာလုပ်​နေတာလဲ"

ဝိန်းရိဖန်က ပြန်မ​ဖြေ။

စန်းရန်၏ဆံပင်တို့က စိုထိုင်းထိုင်းရှိ​နေဆဲဖြစ်ကာ ​ရေစက်များက ဆံပင်ဖျားမှသည် မျက်နှာ​ပေါ်တစ်​လျှောက်ဖြတ်​ပြေးသွားပြီး ​မေးဖျားမှတဆင့်​လျှောဆင်းသွားကာ သူမ၏ဆံပင်ရှည်များကြားထဲ ခုန်ကူးသွားခဲ့သည်။ သူ စိုက်ကြည့်​နေမိရင်း လက်တစ်ဖက်အား ​​ဖြေး​ဖြေးချင်းမြှောက်လိုက်ကာ ထို​ရေစက်​လေးအား လက်​ချောင်းထိပ်များဖြင့်အသာအယာပွတ်ဆွဲလိုက်၏။

သူမမှာ​တော့ ဘာမှမခံစားမိလိုက်သည့်အလား တုတ်တုတ်မျှမလှုပ်​ပေ။

ဝိန်းရိဖန်သည် အရပ်နိမ့်သည်ဟုမဆိုနိုင်​သော်ငြား စန်းရန်နှင့်ယှဥ်လိုက်လျှင်​တော့ သူ့​မေးဖျားထိလုနီးနီးသာရှိသည်။ အရိုးအဆစ်များက​သေးသွယ်ပြီး ခန္ဓာကိုယ်ထက်တွင် အသားဟူ၍မရှိ​သ​လောက်။ လက်ရှိအချိန်တွင် သူမ၏မျက်နှာတစ်ခြမ်းက သူ့ရင်ဘတ်​ပေါ်၌မှီ​နေပြီး လက်နှစ်ဖက်က သူ့ခါးအား မပြင်းလွန်း မ​ပျော့လွန်း​သောအ​နေအထားဖြင့် ဖက်တွယ်ထားသည်။

ဤအ​ခြေအ​နေကြီးထဲတွင် သူ့ခန္ဓာကိုယ်မှစီးကျ​​နေသည့်​ရေစက်​တစ်ခုချင်းစီတိုင်းဟာ မီး​တောင်​ချော်ရည်များသဖွယ် ပူပြင်း​တောက်​​လောင်​နေ​တော့သည်။

၁၀စက္ကန့်နီးပါး ဆက်တိုက်ကုန်ဆုံးလာခဲ့သည့်​နောက်။

"ကိုယ့်ကို တိကျတဲ့စကားတစ်ခွန်း​လောက်​ ပြော​ပေးလို့ရမလား"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now