သူ့အသံက တိုးလွန်းသည်လည်းမဟုတ် ကျယ်လွန်းသည်လည်းမဟုတ်။
သို့သည့်တိုင် မြေပြင်ကိုရိုက်ခတ်သွားသည့် မိုးကြိုးသွားတစ်ခုနှင့် တူလွန်းလှကာ အတွေးများနေသည့် ဝိန်းရိဖန်အား တစ်ချက်တည်းဖြင့်လှုပ်နှိုးသွားစေနိုင်လိုက်သည်။
အရင်ရက် သူမ ဤနေရာကိုလာသည့်အချိန်တုန်းက စန်းရန်အား အဘယ်သို့သောစကားမျိုးကို ပြောခဲ့ပါသနည်း။
---"အားနာပါတယ်..ကိုယ်တို့ Bar က အရက်တွေချည်းရတဲ့ Bar"
---"ဒါဆို စိတ်မကောင်းစရာပဲပေါ့"
ဝိန်းရိဖန် နှုတ်လမ်းကို တင်းတင်းစေ့မိထားရင်း ရှက်နေသည့်စိတ်က သူမတစ်ကိုယ်လုံးကို ဝါးမြိုပြီးဖုံးလွှမ်းသွားလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဆူညံနေသည့်ပတ်ဝန်းကျင်တစ်ခွင်ကြောင့် ယမကာအဖျော်ဆရာလေးက စန်းရန်၏စကားလုံးတို့ကို လုံးဝမကြားလိုက်ဘဲ ထူးထူးဆန်းဆန်းသာရပ်ကြည့်နေ၏။
"ကော...ဘာလုပ်နေတာလဲ"
ထို့နောက် အံဆွဲထဲသို့ လက်ညှိုးထိုးပြပြီး အသံကိုမြင့်လိုက်၍ ;
"အစ်ကို ဒီထဲမှာထားထားတဲ့ လက်ကောက်ကိုတွေ့မိသေးလား"
အသံကြားရာဆီသို့ စန်းရန် တစ်ချက်လှမ်းကြည့်လိုက်၏။
ယမကာအဖျော်ဆရာက ဆက်၍ ;
"ဒီဧည့်သည်လူကြီးမင်းက အရင်ရက် ကျွန်တော်တို့ဆိုင်လာတဲ့အချိန်တုန်းက လက်ကောက်ကျကျန်ခဲ့တာ ၊ အဲ့နေ့က ယွိကျော ကောက်ရထားသေးတယ် ၊ ကျွန်တော်..."
စကားကို ဤထိပြောလာရင်းက ရုတ်တရက်ရပ်လိုက်ပြီး လမ်းကြောင်းလွှဲလိုက်၏။
"အစ်ကို သိမ်းသွားတာမဟုတ်ဘူးလား"
စန်းရန်က ခုံအမြင့်ပေါ်တွင်ထိုင်လိုက်ပြီး ပျင်းတိပျင်းရွဲအသံဖြင့် 'အာ' ဟုတစ်ချက်ပြုလိုက်၏။
ယမကာအဖျော်ဆရာ ;
"အစ်ကို ဘယ်နားမှာသိမ်းထားတာလဲ"
စန်းရန်က အကြည့်လွှဲလိုက်ပြီးနောက် ရောက်တတ်ရာရာလိုက်ကြည့်နေရင်း
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-