လေထုအခြေအနေမှာ တင်းခနဲ။
စန်းရန်၏မျက်နှာတစ်ဝက်နီးပါးက ဝိန်းရိဖန်၏ဆံပင်များကြားထဲတိုးဝေ့နေပြီး သူ့ညာဘက်လက်မှာ သူမ၏ခါးကိုဆွဲဖက်ရင်း ခန္ဓာကိုယ်ပေါ်တင်ထားသည်။ လှုပ်ရှားမှုများက သဘာဝဆန်ဆန်နှင့်တရင်းတနှီးရှိလှကာ တန်ဖိုးကြီးရတနာတစ်ခုထွေးပိုက်ထားသည့်သဖွယ် ၊ ထို့အပြင် ချုပ်နှောင်ထားသည်နှင့်လည်း တူသောကြောင့် သူမအနေဖြင့် လှုပ်ရှားလိုက်ဖို့မလွယ်ကူချေ။
တွေးမိထားသည့်တစ်ခုတည်းသောအတွေးလေးမှာလည်း ကျေပျက်သွားသည်မှာတစ်စစီ။
ဝိန်းရိဖန်၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီးဖြစ်နေပြီး လက်သီးနှစ်ဖက်ဆုတ်ကာ အသက်ပင်မရှူရဲတော့။ သူမအနေဖြင့် ယခုလို ဆန့်ကျင်ဘက်လိင်နှင့် တပူးတကပ်လုပ်ခဲ့ခြင်းမျိုး လုံးဝမရှိခဲ့သည့်အတွက် လက်ရှိအချိန်တွင် သူမ၏မျက်နှာမှာ လောက်မြိုက်နေသည့်အတိုင်းပေ။
လုံးဝကို ထိန်းချုပ်မရတော့၏။
အသက်မအောင့်ထားနိုင်တော့သည့်အချိန်မှသာ ဖြည်းဖြည်းချင်းအသိစိတ်ပြန်ကပ်လာပြီး ခပ်ဖွဖွလေးရှူထုတ်လိုက်သည်။
ဝိန်းရိဖန်က နောက်တစ်ကြိမ် အလောတလျင် ဘာမှမလုပ်ရဲသလို နောက်သို့လှည့်ပြီးလည်း သူ့အခြေအနေအား မကြည့်ရဲ။ လှည့်ကြည့်မိခါမှ နိုးနှင့်နေပြီးသောသူ၏ အဓိပ္ပါယ်ပါပါအကြည့်များက ကြိုတင်စောင့်နေမည်ကို ကြောက်ပါသေးသည်။
ဤတည်ငြိမ်နေသေးသည့်အခြေအနေက အချိန်ကြာကြာတည်မြဲနေမည်လည်း မဟုတ်။
ကိုယ့်ကိုကိုယ် လိမ်ညာနေသည်မှာ-
သူမသာ နောက်လှည့်မကြည်လျှင် စန်းရန်က လုံးဝနိုးလာမည်မဟုတ် ဟူ၍ပင်။
ဝိန်းရိဖန်က ရှိသမျှသောအာရုံအလုံးစုံအား ခန္ဓာကိုယ်အနောက်ဘက်မှ စန်းရန်ထံ နစ်မြှုပ်ထားလိုက်၏။ သူမ၏စိတ်ထဲ၌ မည်သည့်အရာကိုမှမတွေးတောနိုင်တော့ဘဲ သူ့အသက်ရှူနှုန်းအရ ဘယ်လောက်မြန်မြန် ပြန်အိပ်မောကျသွားနိုင်သည့်အပေါ်တွင်သာ စူးစိုက်နေတော့သည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-