Chapter 44

1.1K 79 8
                                    

စန်းရန်၏ သူမဆံပင်များကို ဖွသွားသည့်ခွန်အားက မ​သေး ၊ အဝတ်စုတ်ကိုဆွဲရမ်း​သွားသည်နှင့်ပင်တူ​နေကာ ထို​နေရာ​လေးတွင်​တော့ တစ်ချိန်တစ်ခုစာအထိ အ​နွေးဓါတ်​လေးတစ်ခုကျန်​နေခဲ့သည်။

ဝိန်းရိဖန်က ​နေရာ၌သာ ခဏကြာကြာရပ်​နေမိခဲ့ပြီးမှ ​ကော်ဖီစားပွဲရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

ကိတ်မုန့်​ကြောင့် တအံ့တသြဖြစ်ပြီးသွားသည့်ဝိန်းရိဖန်မှာ ​နောက်ထပ်လက်​ဆောင်တစ်ခုရှိလိမ့်ဦးမည်ဟု အမှန်​တကယ်မ​တွေးထားမိခဲ့။

ဧည့်ခန်းမီးများမပိတ်​ရ​သေးသဖြင့် အဖြူ​ရောင်မီးများဟာ ​နေရာတိုင်း၌လင်းထိန်​နေလျက်သား။ ​ကော်ဖီစားပွဲမှာ သန့်ရှင်း​နေ​လျက်ရှိ၍ စားပွဲ​ပေါ်၌ ​ရေ​နွေးအိုးနှင့်​ရေခွက်နည်းနည်းအပြင် မဂ္ဂဇင်းစာအုပ်နှင့်သတင်းစာတစ်ချို့သာရှိသည်။

သူမ၏​ရှု့​ထောင့်မြင်ကွင်းမှဆိုလျှင် စားပွဲ​အောက်တွင်ရှိ​နေသည့်အရာအား မမြင်ရ​ချေ။

ဝိန်းရိဖန်က အနားသို့​လျှောက်လာပြီး ​ကော်ဖီစားပွဲ​ဘေး၌​ထိုင်ချလိုက်ရင်း အတွင်းထဲငုံ့ကြည့်လိုက်သည်။

အတွင်းဘက်ထဲတွင် ပစ္စည်းများမျိုးစုံ​အောင်ရှိ​နေပြီး ​သေ​သေသပ်သပ်စီထားခြင်းမရှိဘဲ ​ရော​ထွေးရှုပ်ပွ​နေ၏။ နို့မှုန့်ဘူးများ ၊ သစ်သီးစီရီယယ်အထုပ်များ ၊ အပြာနု​ရောင်အိတ်များက အပြင်ဘက်နားတွင် အလျင်းသင့်သလိုထားထားသည်။

လက်​ဆောင်အိတ်မှာ​တော့ ​မှောင်​မှောင်မှိုင်းမှိုင်းအ​ရောင်မျိုးမဟုတ်ဘဲ ပန်းပွင့်အဖြူ​ရောင်​လေးများဖြင့်ပုံ​ဖော်အလှဆင်ထားပြီး အရမ်းလည်းထင်​ပေါ်​နေခြင်းမဟုတ်သလို ရှုပ်​ယှက်ခတ်​နေခြင်းမျိုးလည်းမဟုတ်။

နှစ်စက္ကန့်မျှစိုက်ကြည့်​နေမိပြီး​နောက်တွင်​​တော့ ဝိန်းရိဖန် လက်လှမ်းပြီး လှမ်းယူလိုက်သည်။

လက်​​ဆောင်အိတ်ကိုဖွင့်ကြည့်လိုက်လျှင် အတွင်းထဲ၌ အနက်​ရောင်ဘူးတစ်ဘူးရှိ​နေ၏။ ဝိန်းရိဖန်တစ်​ယောက် မတ်တပ်ထရပ်လိုက်ရင်း လက်ထဲတွင်ကိုင်ထားသည့်အရာမှာ အာလူးပြုတ်ပူပူတစ်လုံးကိုကိုင်ထားရသည့်အလား သူမ မယူသင့်သည့်အရာတစ်ခုကိုယူလိုက်မိသည့်ခံစားချက်မျိုး ဖြစ်တည်လာရ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now