Chapter 5

1.4K 86 0
                                    

ဝိန်းရိဖန်၏မှတ်ဥာဏ်များထဲတွင် ထိုပုံရိပ်များက ဝိုးတိုးဝါးတားရှိ​နေဆဲ။

ထိုအချိန်ခါက သူမ၏နာမည်အား ​ပြောပြလိုက်ပြီးသည့်​နောက်တွင် စန်းရန်ထံမှ '​အော်' ဆိုသည့်အာ​မေဍိတ်သံတစ်ခုသာ ရလိုက်ပြီး မည်သည့်မှတ်ချက်မျိုးမှ မပြုပါ​ပေ။

ယခုပြန်​တွေးကြည့်မိသည့်အချိန်တွင်မှ ထိုအချိန်တုန်းက တစ်ဖက်လူဆီမှ သူမ​ကြိုတင်မျှော်လင့်ထားသည့်စကားများမှာ ဥပမာ - မင်းနာမည်က ဘယ်​လောက်​​တောင်များ ​ယောက်ျားဆန်​နေလို့လဲဆိုတာကို ငါနား​ထောင်ကြည့်ပါဦးမယ် ၊ ထပ်၍ - ဝိန်းရိဖန်? အမ့် မထူးမခြားနားပါပဲ။

ထိုခနဲ့တဲ့တဲ့ဖြင့် ထိန်းချုပ်မရဘဲ ​ပေ​စောင်း​စောင်းလုပ်ပြတတ်သည့်အမူအရာက အထက်တန်း​ကျောင်းအရွယ်ကတည်းက​နေ အခုချိန်ထိ တူတူဖြစ်​နေဆဲပါပင်။

စိတ်ကြိုက်​ပျော်ပါး၍မရ​တော့သည့် ဆယ်​ကျော်သက်အရွယ်ကို ​ကျော်လွန်လာခဲ့ခြင်း​ကြောင့်လည်းဖြစ်နိုင်သလို ဒါမှမဟုတ် သူတို့နှစ်ဦး မ​တွေ့ဖြစ်ကြသည်မှာလည်း နှစ်များစွာကြာ​ခဲ့ခြင်း​ကြောင့်လည်း ဖြစ်နိုင်ကာ နှစ်​ယောက်သားက မရင်းနှီးကြသည့်အ​ခြေအ​နေမျိုးဖြစ်​နေပြီး အရင်ကနှင့်ယှဥ်လျှင် စန်းရန်က သူ၏ခံစားချက်များအားလုံးကို ဖုံးကွယ်ပစ်ထားပုံရသည်။

​မြေ​အောက်ရထားဂိတ်သို့ အ​ရောက်တွင်။

ဝိန်းရိဖန်က လက်ကိုင်အိတ်ထဲမှ ဖုန်းကိုထုတ်ရင်း တစ်ဖက်က ​မြေ​အောက်ရထားအသုံးပြုကဒ်အား စခရင်ထက်တွင် ကဒ်ဖတ်လိုက်၏။ Wechat ထဲမှ ကျုံးစစ်​ချောင်၏စာများကိုလည်း အလျင်းသင့်သလို ပြန်​ဖြေလိုက်​ပြီး​နောက်တွင် ရုတ်တရက် သူမ၏ Wechat ထဲတွင် စန်းရန်ဆိုသည့်အမည်ဖြင့် အ​ကောင့်တစ်ခုရှိ​ကြောင်းကို သတိရမိလိုက်သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း Wechat အသုံးပြုလာသည့်သူများ များလာသည့်အ​လျောက် ဝိန်းရိဖန်သည်လည်း အ​ကောင့်အား ထပ်၍စာရင်းသွင်းပြုလုပ်ထားရ​သေးသည်။ထိုအချိန်တုန်းက Contact များကိုအလိုအ​လျောက်ဖြည့်​ပေးသည့်စနစ်အား ​ရွေးချယ်လိုက်ရာ သူမ၏လက်ကိုင်ဖုန်းထဲတွင် စန်းရန်၏နံပါတ်လည်းရှိ​နေခဲ့သဖြင့် သူ့ထံကိုပါ Friend request ပို့ပြီးသားဖြစ်သွားခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now