ဝိန်းရိဖန် ချက်ချင်းခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ လက်ကိုင်ဖုန်းကိုလည်း အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။ ဤမေးခွန်းအား သူမ ပြန်မဖြေ ၊ မျက်လွှာချကြည့်လိုက်သည့်အခိုက် စန်းရန်၏ဗလာသက်သက် လက်နှစ်ဖက်ကိုမြင်လိုက်ရသည်။
"နင်ပြောတော့ ပစ္စည်းဝယ်စရာရှိလို့ဆို"
စန်းရန်က ခပ်မတ်မတ်ပြန်ရပ်လိုက်၏။
"သွားမယ်လေ"
"...."
ဝိန်းရိဖန် ;
"မဝယ်ရသေးဘူးလား"
"အမ်?"
စန်းရန်က တစ်ဖက်သို့ခေါင်းလှည့်လိုက်၍ စကားသံက အရှေ့အနောက်မဆီလျော်။
"အခုပဲ သွားဝယ်တော့မှာလေ"
ဝိန်းရိဖန် ;
"နင်ပဲပြောတော့ မသယ်နိုင်လို့ဆို"
စန်းရန် ;
"ဟုတ်တယ်လေ"
ဝိန်းရိဖန်တစ်ယောက် စန်းရန်လုပ်ပြနေသည့် ကောင်းကင်နှင့်မြေကြီးတစ်ခွင် လုပ်ချင်ရာလုပ်မည်ဆိုသည့်အမူအရာကြီးကြောင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။
ဟမ်..
သူမကပဲ နားလည်မှုလွဲသွားခဲ့တာလား..
သူဆိုလိုချင်တာက ခုဏတုန်းကပဲ မသယ်နိုင်တာ ၊ အခု မသယ်နိုင်တာမဟုတ်ဘူး ဆိုတဲ့သဘောများလား...
နှစ်ယောက်သားက စူပါမားကတ်ထဲသို့ ဝင်လာခဲ့၏။ ကြားထဲတွင် အချိန်တစ်ခုစာ တိတ်ဆိတ်နေလျက်သား။
ဘယ်နေ့က စမှန်းမသိပါသော်ငြား သူတို့နှစ်ဦးကြားထဲရှိ အခြေအနေမှာ ကသိကအောက်နိုင်နေမှန်း ဝိန်းရိဖန်ခံစားနေမိခဲ့သည်။ အရင်တုန်းကအတိုင်း တစ်ဦးနှင့်တစ်ဦး လျစ်လျူရှုထားခြင်းမျိုးနှင့်လည်း အနည်းငယ်ဆင်တူပြီး တစ်ယောက်ကိုတစ်ယောက် သူစိမ်းများလိုဆက်ဆံထားပါသော်လည်း တစ်နေရာရာက ကွဲပြားနေသလိုလို။
သို့သော်လည်း သူမ တိတိကျကျမပြောပြတတ်။
ဝိန်းရိဖန်က စက်လှေကားပေါ်အရင်တက်လိုက်ပြီး စုထျန်းပြောထားသည့်စကားများကို အစဖော်လိုက်၏။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-