ဝိန်းရိဖန် စကားပြောနေသည့်အသံနေအသံထားကို အာရုံခံစားမိလိုက်ခြင်းကြောင့် စန်းရန်က အနားသို့တိုးကပ်လာပြီး လက်တစ်ဖက်ဖြင့် သူမ၏မေးဖျားကိုဆွဲမော့လိုက်သည်။ သူ့ပုံစံမှာ သူမဆိုလိုချင်သည့်စကားကို နားလည်သေးပုံမရသေးသည့်ဟန်မျိုး။
"ဘယ်အချိန်တုန်းကဟာကို ပြောနေတာလဲ"
"တက္ကသိုလ်ဝင်ခွင့်စာရင်းတွေကျတဲ့နေ့"
ဝိန်းရိဖန်က ပြန်လည်မော့ကြည့်လာပြီး အသံစတို့က တိုးဖျညင်သာနေဆဲ။
"နင် ပေယွီကိုလိုက်လာပြီး ငါ့ဆီလာတဲ့ချိန်"
"...."
အခုလိုအဖြေမျိုးကို မမျှော်လင့်ထားသည့်စန်းရန်မှာ တစ်ခဏတာငြိမ်သက်သွားခဲ့ရ၏။ မျက်နှာအသွင်အပြင်ထက်၌ မည်သည့်အမူအရာမျိုးမှမရှိဘဲ အချိန်ကြာသွားပြီးကာမှ နှုတ်ခမ်းကို ပေါ့ပေါ့ပါးပါးကွေးညွှတ်လိုက်၏။
"အဲ့နေ့က မိုးရွာနေတာလား"
ဝိန်းရိဖန်က အသံမထွက်တော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
"မိုးစိုတော့လည်း စိုတယ်ပေါ့ ၊ ဘာလို့ တောင်းပန်နေတာလဲ"
စန်းရန်က သူမ၏ပါးကိုဆွဲညှစ်လိုက်၍ ဤကိစ္စက သူ့အတွက် ဘာဆိုဘာမှအရေးမကြီးသည့်အလား မျက်မှောင်ကျုံ့ထားရင်းနှင့် ;
"ကိုယ့်လို ယောက်ျားရင့်မာကြီးတစ်ယောက်က မိုးစိုတော့ရော ဘာဖြစ်သွားမှာမလို့လဲ ၊ အဲ့လောက်ထိလည်း နူးညံ့မနေပါဘူး"
ဝိန်းရိဖန်က စကားမဆိုနိုင်တော့ဘဲ စန်းရန်ကိုသာ လှမ်းကြည့်နေလိုက်သည်။
စန်းရန် ;
"ဘာဖြစ်လို့များ မင်းရဲ့ကောင်လေးကို နေ့တိုင်းနေ့တိုင်း နူးနူးညံ့ညံ့ပန်းပွင့်ကြီးလိုမျိုး သဘောထားဆက်ဆံနေရတာလဲ"
"...."
"သွားမယ်"
စန်းရန်က ထိုစကားကိုဆက်မပြောတော့ဘဲ ထီးဖွင့်လိုက်သည်။
"ညစာစားပြီးပြီလား"
ဝိန်းရိဖန်က သူ့ဘေးနားမှလိုက်၍ ;
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-