ကုမ္ပဏီမှတဆင့် အဆောက်အဦးအောက်ထိ ပြန်လာရာလမ်းတစ်လျှောက်လုံးတွင် စန်းရန်၏အမူအရာတိုဟာ သိပ်မူမမှန်ခဲ့ပါပေ။ အိမ်ထဲသို့ဝင်လာပြီးသည့်အထိ သူ့အပြုအမူတို့က ရည်ရွယ်ချက်တစ်ခုရှိမှန်းသိသာလွန်းလာပြီး တစ်စုံတစ်ယောက်၏နှုတ်မှ ဤကိစ္စကိုသိလာခဲ့မှန်းလည်း သေချာနေလေသည်။
ဝိန်းရိဖန်သည် သူပြောသည့်စကားတစ်ခွန်းနောက်သို့လိုက်၍ အောက်သို့ငုံ့ကြည့်လိုက်ရင်း ရုန်းကန်နေသည့်အမှုကိုလည်း ရပ်တန့်လိုက်တော့၏။
"အတွန်းခံလိုက်ရပြီး သစ်ကိုင်းနဲ့ခြစ်မိထားတာ ၊ အရမ်းမဆိုးပါဘူး ၊ ဆေးလိမ်းထားပြီးပြီမလို့ မကြာခင်သက်သာသွားမှာ"
ဤစကားအဆုံးတွင် အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။
ဝိန်းရိဖန် အောက်နှုတ်ခမ်းကိုဖိထားမိရင်း စိတ်ထဲ၌လည်း နေသာထိုင်သာမရှိရပါတော့ပေ။ မျက်လုံးပင့်ပြီးတဖန်ပြန်မော့ကြည့်လိုက်သည့်အခါတွင်တော့ တည့်တည့်စိုက်ကြည့်နေသော စန်းရန်၏မျက်ဝန်းများဖြင့် ထိပ်တိုက်ဆုံရပြန်သည်။ သူ့ပုံစံမှာ သူမထပ်ပြောလာမည့်စကားကို စောင့်နေသေးသည့်ဟန်။
တစ်ခဏကြာသွားပြီးသည့်အခါတွင်တော့ စန်းရန် စိတ်မရှည်တော့ဘဲနှင့် ;
"ပြောလို့ ပြီးသွားပြီလား"
"...."
စန်းရန် ;
"ဘယ်သူတွန်းတာလဲ"
"ငါ့ရဲ့ ဟိုဦးလေးဆိုတဲ့လူ"
စန်းရန်က နောက်ထပ်မေးခွန်းတစ်ခု ဆက်မေးလာသည်။
"ဘယ်လောက်ကြာနေပြီလဲ"
"အာ...."
"သူ မင်းကိုလိုက်နှောင့်ယှက်နေတာ ဘယ်လောက်ကြာပြီလဲ"
"...."
ဝိန်းရိဖန်က အထိုက်အလျောက်ကို ငြင်းလိုက်မိ၏။
"မကြာသေးပါဘူး"
စန်းရန်က သူမ၏အဖြေကိုမကြားသည့်အလား ဆက်၍ ;
"အရင်တစ်ခေါက် 'Overtime' မှာနှောင့်ယှက်တဲ့အကြိမ်က စတာလား ၊ အဲ့ဒီထက်စောတဲ့ ဟိုးအရင်ကတည်းကလား"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-