ဝိန်းရိဖန် ကားပေါ်မှဆင်းလာပြီးနောက် ဆံပင်ကိုသေသေသပ်သပ်ဖြစ်အောင်ပြန်လုပ်ရင်း တံခါးဝဆီသို့လျှောက်လာလိုက်သည်။ တိုက်တိုက်ဆိုင််ဆိုင် ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသည့် မုချန်ယွင်နှင့် ထိပ်တိုက်ဆုံပြီး သူ့ဘက်မှ စ၍နှုတ်ဆတ်လာ၏။
"ရိဖန်ကျဲ ၊ မင်္ဂလာနံနက်ခင်းပါ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်ရင်း ;
"မင်္ဂလာနံနက်ခင်းပါ"
အဆောက်အဦးထဲဝင်လာခဲ့သည်။
ဝိန်းရိဖန်က အခုလေးတင် စန်းရန်လုပ်သွားသည့်အပြုအမူကိုပြန်တွေးမိရင်း ခေါင်းကိုလည်း အလိုလိုထိလိုက်မိ၏။ အတွေးများက သူမ၏ကမ္ဘာချည်းထဲသက်သက်စီးမျောသွားသည့်အလား ဘေးနားမှ မုချန်ယွင်ပြောနေသည့်စကားများကို အာရုံမရတော့ပေ။
တစ်ခဏအကြာတွင်။
မုချန်ယွင်က လှမ်းခေါ်လာခဲ့သည်။
"ရိဖန်ကျဲ...."
"....."
ဝိန်းရိဖန် အသိစိတ်ပြန်ကပ်သွားခဲ့၍ ;
"အမ်?....ဘာဖြစ်လို့လဲ"
မုချန်ယွင်၏ရုပ်ရည်သွင်ပြင်မှာ နူးနူးညံ့ညံ့ပုံစံမျိုးလေးဖြစ်ပြီး အပြုံးတို့က အနည်းငယ်ချစ်စရာကောင်းသည့်ဘက်သို့သွားသည်။ ယခုလေးတင် လျစ်လျူရှုထားသလိုဖြစ်နေသည့် ဝိန်းရိဖန်၏အပြုအမူကို စိတ်မကွက်လေဘဲ စိတ်ရှည်ရှည်ဖြင့်နောက်တစ်ကြိမ်ထပ်မေးလာခဲ့သည်။
"အစ်မနဲ့ စီနီယာအစ်ကိုစန်းက ဒိတ်လုပ်နေတာလား"
ဝိန်းရိဖန် ;
"မဟုတ်ပါဘူး"
မုချန်ယွင်က သက်ပြင်းတစ်ချက်ချလိုက်၏။
"ကျွန်တော် ခုဏလေးတုန်းကတင် အစ်ကိုက အစ်မကို အလုပ်လာပို့တာမြင်လိုက်လို့ ၊ ပြီးတော့ အစ်မရဲ့ဆံပင်ကိုဖွနေတာမြင်လိုက်ပြီး ကျွန်တော်က...."
မုချန်ယွင်က စကားမဆုံးခင် ရှက်ရှက်နှင့်ပြုံးလိုက်၍ ;
"ကျွန်တော် အရမ်းပဲလျှောက်ပြောနေမိပြီလား"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-