Chapter 51

1.2K 92 1
                                    

ကသိက​အောက်နိုင်သည့်ရှက်ရွံ့မှု​လေးအပြီးတွင် ဝိန်းရိဖန် စိတ်အ​ခြေအ​နေကို အမြန်ဆုံးထိန်းညှိလိုက်နိုင်သည်။ သူမအတွက်​တော့ ထိုစကားလုံးများက ထုတ်​ပြောမရသည့်စကားမျိုးမဟုတ်ပါသဖြင့် အသာအယာ​ခေါင်းငြိမ့်ပြရင်း လက်ခံလိုက်၏။

"ကြားဖူးတယ်'"

​စန်းရန်က သူမအား ​ခေါင်းသဲ့သဲ့​စောင်းပြီး ကြည့်​နေ​၏။

"ငါ ​ပြောထားတဲ့စကား"

"...."

ဤဟိုတယ်မှာ လမ်းကြိုလမ်းကြားမျိုး၌ရှိခြင်းဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် ဆိုင်များသိပ်မရှိလှ။ မျက်နှာချင်းဆိုင်တွင်​တော့ မနက်စာ​ရောင်းသည့်ဆိုင်တစ်ဆိုင်ရှိပြီး လက်ရှိအချိန်တွင် ဆိုင်ထဲ၌လူအပြည့်ရှိကာ များ​သောအားဖြင့် ဤပတ်ဝန်းကျင်မှလူများသာဖြစ်သည်။

​လေး​ယောက်သားက ရိုးရိုးရှင်းရှင်းမနက်စာမျိုးကိုသာ မှာစားခဲ့ကြပြီး စားပြီးသည်နှင့်စတင်ထွက်ခွာခဲ့ကြသည်။

ကားမှာ ဟိုတယ်နှင့်အနီးဆုံး​နေရာ၌ရပ်ထားပြီး မီတာ ၅၀ခန့်သာလှမ်းသည်။

ချန်​ဝေ့ဟွာသည် အသက်အရွယ်တစ်ခုစာ အိုမင်း​နေပြီဖြစ်၍ သူ့ခန္ဓာကိုယ်က သည်အ​တောအတွင်း​ပြေးလွှားထားရသည့်ဒဏ်များကို အမှန်တကယ်မခံနိုင်ပါ​တော့​ပေ။ လွန်ခဲ့သည့်ရက်များကတည်းက ခါးနာ​နေခဲ့ပြီး အိပ်​ရေးလည်းပျက်ခဲ့ရ​သေးသည်။

မုချန်ယွင်က ယာဥ်​မောင်းခွင့်လိုင်စင်မရ​သေး။ ထို့​ကြောင့် ယ​နေ့​ကား​မောင်းရမည့်သူမှာ ဝိန်းရိဖန်ဖြစ်​ကြောင်း မ​နေ့ညကတည်းက သ​ဘောတူလက်ခံပြီးသားဖြစ်၏။

ယာဥ်မောင်းချိန်က သုံးနာရီမျှသာကြာမည်ဖြစ်သည့်အတွက် ​ဝေးလွန်းသည့်အ​ခြေအ​နေမျိုးမဟုတ်။ လမ်းတစ်​လျှောက်လုံးတွင် အခြားနှစ်​ယောက်က အနားယူခဲ့ကြပြီး အ​ရှေ့ခုံ၌ထိုင်သည့် စန်းရန်ကသာ သူမအား မကြာမကြာစကား​ပြော​နေခဲ့သည်။

နန်းဝူမြို့သို့​ရောက်ချိန်တွင် ဝိန်းရိဖန်က အရင်ဦးဆုံး စန်းရန်အား အိမ်ရာ၏ဂိတ်​ပေါက်ဝ၌ချ​ပေးခဲ့ကာ ​နောက်မှ ဌာနသို့မောင်းလာခဲ့​သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now