လှုပ်လှုပ်ရှားရှားအခြေအနေအား လမ်းသွားလမ်းလာများက တစ်ဦးစ၊နှစ်ဦးစနှင့် လှမ်းကြည့်လာကြကာ ကင်းလှည့်နေသည့်ရဲအဖွဲ့မှာလည်း လက်ရှိအချိန်၌ အချိန်ကိုက်ရောက်လာခဲ့သည်။ အခြေအနေကို အကျိုးအကြောင်းရှင်းပြပြီးသည့်အခါ ရဲအဖွဲ့က ချယ်ရှင့်ဒယ်အား လက်ထိပ်ခတ်ပြီး ကားထဲဆွဲထည့်ထားလိုက်သည်။
ရဲအရာရှိများမှာ စန်းရန်အား ဆေးရုံသို့လိုက်ပို့ပေးမည်ဟုဆိုလာပြီး နှုတ်ဖြင့်လည်း မှတ်တမ်းယူနေကြသည်။
စန်းရန်က ပူးပေါင်းပေးမည်ဖြစ်ကြောင်း စကားဆိုလိုက်သော်ငြား အရင်ဆုံး ထိုလူတစ်စုကို စောင့်ခိုင်းထားသေး၏။ ကားရပ်ထားသည့်နေရာဆီသို့ ပြန်လာပြီး ကားသော့နှင့်လက်ကိုင်ဖုန်းကိုယူမည်အပြုတွင် လှည့်ပတ်ပြီးရှာသော်ငြား လက်ကိုင်ဖုန်းကိုမတွေ့။ အရေးတကြီးလုပ်မနေတော့ဘဲ တစ်ဖက်သို့ပြန်လှည့်လာကာ ရဲကားနှင့်အတူ လိုက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်တွင် ရဲအရာရှိများက ဒဏ်ရာကို သွေးတိတ်အောင် ကူညီပေးရင်း ဖြစ်ကြောင်းကုန်စင်ကိုလည်း မေးမြန်းလာခဲ့သည်။
စန်းရန်၏ဒဏ်ရာမှာ သွေးတစိမ့်စိမ့်ထွက်နေဆဲဖြစ်ပြီး ဒဏ်ရာကိုလက်ဖြင့်အုပ်၍ မေးသမျှကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့်ပြန်ဖြေပေးခဲ့၏။
အချိန်အတော်ကြာသွားပြီး မြို့ဆေးရုံနားသို့ ရောက်လာသည့်အချိန်တွင် ရဲအရာရှိကထပ်၍မေးမြန်းလာခဲ့၏။
"လူကြီးမင်းနဲ့ ဝရမ်းပြေးတရားခံနဲ့က...."
တစ်ဖက်လူ၏စကားမဆုံးသေးခင် စန်းရန်က စကားဖြတ်ပြောလာခဲ့သည်။
"အခု ဘယ်နှနာရီရှိပြီလဲ"
ရဲအရာရှိ ;
"၈နာရီနဲ့ မိနစ် ၄၀ ပတ်ဝန်းကျင်ရှိပြီ ၊ ဘာဖြစ်လို့လဲ"
စန်းရန် ;
"စိတ်မရှိပါနဲ့ ၊ ကျွန်တော့်ကို ဖုန်းခဏလောက်ငှားပေးလို့ရမလား"
ဤအချိန်သည်ကား 'ရှန့်အန်း'ရပ်ကွက်ထဲမှလမ်းများ စည်ကားပြီးပိတ်နေသည့်အချိန်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-