ကျောပေါ်မှသူ၏အသက်ရှူနှုန်းများဟာ တဖြေးဖြေးငြိမ်သက်လာခဲ့ပြီး မည်သည့်စကားသံမျိုးမှ ထွက်မလာပါတော့သည်မှာ တစ်နေ့လုံးပင်ပန်းထားခဲ့သည့်အရာများအား အရက်ရှိန်နှင့်အတူလွှတ်ချပစ်လိုက်ပုံပင်။
အဆောက်အဦး၏အောက်ထပ်သို့ရောက်ဖို့ရာ အချိန်ဘယ်လောက်ယူသွားခဲ့မှန်းမသိ။
ထိုအခိုက်တွင် စန်းရန်သည် ဝိန်းရိဖန်၏ဝေဝေဝါးဝါးစကားပြောသံအား ကြားလိုက်ရ၏။
"စန်းရန်..."
စကားသံကြောင့် စန်းရန် ခေါင်းစောင်း၍လှည့်ကြည့်လိုက်၏။ တင်းတင်းကြပ်ကြပ်ဖိမှိတ်ထားသည့် သူမ၏မျက်ဝန်းတစ်စုံအား တွေ့လိုက်ရသည့်အခါ တစ်ခဏကြာကြာ ငေးကြည့်နေခဲ့ပြီးမှ အကြည့်လွှဲလိုက်ပြီး ခပ်တိုးတိုးရယ်ရင်းစကားဆိုလိုက်သည်။
"အိပ်ချင်မူးတူးနဲ့စကားတွေပြောနေတာလား.."
နောက်တစ်စက္ကန့်တွင် သူ့လည်ပင်းကိုသိုင်းဖက်ထားသည့်အားတစ်ခုမှာ မသိမသာလေးတင်းကြပ်လာပါတော့သည်။
-------
ကျန်နေသေးသည့်လမ်းတစ်လျှောက်လုံးတွင် ဝိန်းရိဖန်သည် ရှုပ်ထွေးပွေလီခြင်းများစွာကြားနစ်မွန်းနေခဲ့ရကာ အိပ်မက်နှင့်အမှန်တကယ်ဖြစ်တည်မှုကိုပင် မခွဲခြားနိုင်တော့သည်အထိ ဦးနှောက်ထဲမှ မှတ်ဥာဏ်ကားချပ်များက တရိပ်ရိပ်နှင့်ဖြတ်ပြေးနေခဲ့ပြီး အဆုံးမဲ့သောအမှောင်ထုကြီးထဲ၌ လွင့်မျောနေရသလိုပင်။ ကျန်နေသေးသည့် လက်ကျန်အသိနိုးကြားစိတ်လေးမှာတော့ ယောက်ျားလေး၏ကျောပြင်ထက်မှ အနွေးဓါတ်၊ကြင်နာမှုတို့ကို ခံစားမိနေခဲ့ကာ ဤအေးစိမ့်လှသောဆောင်းရာသီ၏အအေးဒဏ်များထံမှလည်း ကာကွယ်ပေးထားသည့်သဖွယ်ပေ။
ပြန်နိုးလာခဲ့ရသည်မှာတော့ စန်းရန်မှ ဝိန်းရိဖန်အား လှုပ်နိုးနေခြင်းကြောင့်။ သူမဟာ ဆိုဖာထက်တွင်ထိုင်နေပြီး မျက်နှာချင်းဆိုင်ရှိယောက်ျားလေးအား စူးစိုက်ကြည့်နေမိသည်။ စိတ်အစဥ်တစ်ခုလုံးမှာ လက်ရှိအချိန်၌ရှုပ်ထွေးနေရသဖြင့် စန်းရန်တစ်ယောက် ဘာလုပ်ပြီးဘာပြောချင်နေမှန်း သူမ မတွေးနိုင် ၊ အတွေးထဲ၌လည်း စန်းရန်က သူမ အိပ်နေသည့်အချိန်ကိုမှ လာနှောင့်ယှက်နေသောအနိုင်ကျင့်လူဆိုးကောင်နှင့်ပင် တူနေသေးသည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-