အပြင်ဘက်ရှိရာသီဥတု အေးစိမ့်လွန်းနေသည်မှာလည်း သိသိသာသာပေ။
အနွေးဓါတ်ပေးနိုင်မည့်ဆွယ်တာလေးမှာ ရေစိုသွားခဲ့ပြီဖြစ်၍လည်း အိတ်တစ်အိတ်ထဲထိုးထည့်ခံထားရတော့သည်။ အိမ်တံခါးအရှေ့သို့ ရောက်သည်နှင့်အချိန်တွင်တော့ ခန္ဓာကိုယ်ကြီးက ထိန်းချုပ်နိုင်အောက်တွင်မရှိတော့သလိုမျိုးထိပါ အေးစက်နေကြောင်း ဝိန်းရိဖန် ခံစားမိလိုက်၏။ အခန်းတံခါးကိုဖွင့်နေသည့်အချိန်တွင်တော့ အကြည့်တစ်ချက်က ဘေးအခန်းသို့ အလိုလိုရောက်သွားခဲ့၏။
ကြည့်ရသည်မှာ မျက်စောင်းထိုးအခန်းမှထိုလူကြီး ပြန်ရောက်သေးပုံမရပေ။
ပုံမှန်ဆိုလျှင် ည နှစ်နာရီ သုံးနာရီခန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်အချိန်မျိုး၌ ရည်ရွယ်ချက်ရှိရှိဖြင့် မာန်ပါပါတံခါးခေါက်နေသည့်အသံများအားကြားရလေ့ရှိကာ ညဥ့်နက်သန်းခေါင်ကြီးထဲတွင် ထိုတံခါးခေါက်နေသည့်အသံများက မိုးခြိမ်းသံများကဲ့သို့ပင် ဆူညံအားကောင်းနေခဲ့သေးသည်။
ထို့နောက်တွင်တော့ သူ့အခန်းဆီသို့ ပြန်သွားခဲ့ပြီး မည်သည့်ကိစ္စမှ အထူးတလည်မဖြစ်သွားသလိုပင်။
တော်တော် စိတ်အနှောက်အယှက်ဖြစ်ရပါသည့်တိုင် ဖြေရှင်းပစ်လိုက်ဖို့ရာလည်း ဘာမှမရှိသည့်အခြေအနေမျိုး။
ဝိန်းရိဖန်က ဤကိစ္စအား အိမ်ခန်းပိုင်ရှင်ထံသို့ အကြိမ်ကြိမ်အကြောင်းကြားထားပါသော်လည်း သေသေချာချာဖြေရှင်းပေးထားပုံလည်းမရ။
အိမ်ခန်းတံခါးကို သော့ခတ်ပြီးနောက် ဝိန်းရိဖန် ရေနွေးတစ်အိုးတည်ရင်း ကျုံးစစ်ချောင်ထံသို့ Wechat မှတဆင့်စာပို့လိုက်၏။
[ အိမ်ပြန်ရောက်ပြီ ]
ကျုံးစစ်ချောင်၏နေအိမ်က 'ရှန့်အန်း' ရပ်ကွက်နှင့် အလှမ်းဝေးသဖြင့် မြေအောက်ရထားပေါ်၌သာ ရှိနေဆဲ ;
[ မြန်လှချည်လား....ငါတောင် ရောက်ဖို့မှတ်တိုင်နည်းနည်းလိုသေးတယ် ]
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-