မျက်ဝန်းရှေ့မြင်နေရသည့် အဝါဖျော့ဖျော့မီးရောင်များမှာ တစ်ခန်းလုံးအပြည့်လင်းထိန်နေလျက်ရှိပြီး အနည်းငယ်ပြိုးပြိုးပျက်ပျက်နိုင်လှသည်။ လေအေးပေးစက်ဖွင့်ထားသည့်အသံအပြင် မိုးကျသံဖြောက်ဖြောက်တို့ကိုလည်း မသိမသာရောထွေး၍ ကြားနေရပါသေးသည်။
ဝိန်းရိဖန်သည် အသာအယာခေါင်းမော့မိလိုက်ရင်းက ဤမရင်းနှီးလှသော၊ဖော်ပြရန်ခက်ခဲသည့်အထိအတွေ့များကို လက်ခံနေလိုက်ရင်း တွေးခေါ်နိုင်စွမ်းများမှာလည်း နှေးကွေးလာခဲ့သည်။ သူမအနေဖြင့် စန်းရန်ပြောနေသည့်စကားများကို မတုံ့ပြန်နိုင်ပါတော့ဘဲ ခန္ဓာကိုယ်ကသာ သူ၏လှုပ်ရှားမှုများအတိုင်း မျောပါနေတော့သည်။
စန်းရန်၏သန်မာတင်းရင်းနေသည့်ခန္ဓာကိုယ်ထက်မှ ရင်းနှီးလွန်းလှသည့်ကိုယ်သင်းရနံ့များမှာတော့ သူမအား ပို၍စွဲလမ်းလာအောင် ပြုစားနေသလိုလို။ ရေစက်များက သူ့ခန္ဓာကိုယ်ထက်,တင်ကျန်နေဆဲဖြစ်ပြီး ဆံပင်ပေါ်မှရေစက်များကလည်း အချိန်နှင့်အမျှတစက်စက်ကျနေကာ တစ်ချက်တစ်ချက်အေးစိမ့်သွားရလျက်သား။
အထိန်းအကွပ်မဲ့သောပူနွေးနေခြင်းများကြား နစ်မြှုပ်သွားရရင်းက ထိုအေးစိမ့်မှုကြောင့် တဖန်လန့်နိုးရလာသည့်သဖွယ်ပင်။
ဝိန်းရိဖန်၏မျက်ဝန်းများဟာ ရှုပ်ထွေးခြင်းများကြားမှနေ၍ အရှေ့တွင်ရှိသည့်မီးလုံးများကိုစိုက်ကြည့်နေပြီးနောက် ဖြေးဖြေးချင်း အောက်လျော့ဆင်းလာခဲ့သည်။ စန်းရန်၏အဝတ်အစားများ ပုံမပျက်ရှိနေသေးသည့်တွေ့လိုက်သည့်အခါတွင်တော့ သူ့ခေါင်းကိုထိန်းကိုင်ထားရင်း ကတုန်ကယင်ဖြင့်မေးလိုက်၏။
"စန်းရန်....မီးမမှိတ်ဘူးလား...."
ဤစကားသံကြောင့် စန်းရန်က ခေါင်းမော့၍ကြည့်လာ၏။
လင်းထိန်နေသည့်မီးရောင်အောက်တွင်။
ယောက်ျားလေး၏အသွင်အပြင်မှာ အေးစက်ဖြူဖွေးနေပြီး သူ့နှုတ်ခမ်းများမှာတော့ အရည်မျှင်များဖြင့်မည်းနက်နေသည်။ မျက်ခုံးနှင့်မျက်ဝန်းများက စူးရှနေပြီး မျက်ဝန်းအိမ်နှစ်ခု၏အရောင်မှာ ကြည်လင်နေသည့်အနက်ရောင်။ လက်ရှိအချိန်တွင် ပြင်းပြသည့်ဆန္ဒများကို မဖုံးကွယ်တမ်းထုတ်လွှတ်နေပြီး စူးရဲနေသည့်မျက်နှာထားထက်တွင် ကျူးကျော်လာချင်နေသည့်အမူအရာများက တစ်စက်လေးမှမလျော့တမ်း ရှိနေလေသည်။
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-