ကားပေါ်သို့ရောက်သည့်အခါ ဝိန်းရိဖန်က ထုံးစံအတိုင်း စန်းရန် အနားသို့ကပ်သွားပြီး လုံခြုံရေးခါးပတ်ကိုပတ်ပေးနေသည့်အချိန် စန်းရန်က အပြုံးမပျက်ရယ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူမ၏အမူအရာမှာ တောင့်တင်းတင်းဖြစ်နေလေပြီး မနေနိုင်အောင် မေးကြည့်မိလိုက်၏။
"နင် ဘာလို့ရယ်နေတာလဲ"
စန်းရန် ခေါင်းစောင်းကြည့်လာပြီး သူ့နှုတ်ခမ်းထောင့်စွန်းက ပါးချိုင့်လေးလည်း ထင်းနေ၏။
"ဝိန်းရွှမ်းကျန့် ၊ မင်းကို ပြောစရာတစ်ခုရှိတယ်"
ဝိန်းရိဖန် ;
"ဘာလဲ"
စန်းရန်က အောက်သွားများကို ထိကြည့်နေရာ အခုထိတိုင် အနည်းငယ်ထုံကျင်နေဆဲ။ သူ့အမူအရာမှာ မထီမဲ့မြင်ပြုနေသည့်ပုံစံမျိုးဖြင့် မသိလျှင် သူ့ကိုယ်သူအား တစ်လောကလုံးမှလူများ ဝိုင်းလုနေကြသည့်ကန်စွန်းဥလိုလို လုပ်ပြနေလေသည်။
"နောက်တစ်ခါကျရင် နည်းနည်းညင်သာပေး"
"...."
ဝိန်းရိဖန် သုံးလေးစက္ကန့်ကြာကြာတိတ်သွားခဲ့ရ၏။ သူမအနေဖြင့် ကိုယ့်ကိုကိုယ် အားသုံးမိလိုက်သည်ဟုပင် မထင်။
"နင််ကိုက...."
ကျန်နေသည့်စကားလုံးကို ပြောထုတ်ပစ်လာခဲ့၏။
"နူးညံ့လွန်းနေတာ"
ပုံမှန်အချိန်တိုင်း သူ့ကိုယ်သူ ယောက်ျားရင့်မာကြီးဟု ပြောပြောနေသည့်စန်းရန်က အခုအချိန်တွင်တော့ ဝန်ခံဖို့ရာ သတ္တိရှိနေလေ၏။
"ဟုတ်ပါတယ်ဆို"
"...."
ဤအချိန်ကျမှ အဘယ်ကြောင့်များ 'စန်းပန်းပွင့်ကလေး' ဖြစ်ချင်နေမှန်း နားမလည်တော့ချေ။
ဝိန်းရိဖန် ကားစက်နှိုးပြီးနောက်တွင်တော့ ဤအကြောင်းကို ဆက်မဆိုတော့ဘဲ အလျင်းသင့်သည့်စကားကိုသာ ဆိုလိုက်သည်။
"ငါ ကားဝယ်မယ့်ကိစ္စကလည်း မေ့ပြီးရင်းမေ့နေတော့တာပဲ"
YOU ARE READING
နှင်းဦးဝေဝေ [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-