Chapter 1

5.7K 523 3
                                    


Chapter-1

[ သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်း ]

အခန်း-၁။ ကျွန်တော့်ဘာသာ လဲကျသွားတာပါ

______

ရှုနဥ်တစ်ယောက် နားထဲမှတဝီဝီအသံများကြောင့် ခေါင်းကိုခါယမ်းလိုက်သည်။

တစ်စုံတစ်ယောက်က သူ့ကိုစကားပြောနေပုံပင်။ အသံကတစ်ချက်တစ်ချက် နီးလာလိုက် တစ်ချက်တစ်ချက်ဝေးသွားလိုက် ခံစားနေရသည်။ သူ သေချာရှင်းလင်းစွာ မကြားရပေ။ အသံပေါင်းစုံအား ရေပေါ်တွင်စီးဆင်းနေသော လှိုင်းလုံးများကဲ့သို့ ဝေဝေဝါးဝါးသာကြားနေရ၏။

သူ့ခေါင်းအနောက်ဘက်မှာ နာကျင်နေပြီး နားထင်​​ကြောများက တဆစ်ဆစ်ခုန်နေသည်။ ရှုနဥ်သည် သူ့ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်းရှင်းလင်းလာတဲ့အချိန်အထိ လက်တစ်ဖက်နှင့် ခေါင်းကို ဖိကိုင်ထားလိုက်သည်​။

"ရှုနဥ် မင်းကို တကယ်ပဲ တွန်းလိုက်တာ ဘယ်သူလဲ"

ရှုနင်က သူ့အာရုံတွေကို ပြန်စုစည်းလိုက်ပြီး နောက်ဆုံးတွင် သူ့ခေါင်းမှာ ပိုမိုကြည်လင်လာသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အကန့်ငယ်များနှင့်စားပွဲခုံံများရှိသည့် ကျယ်ဝန်းသော ရုံးခန်းတစ်ခန်းထဲ ရောက်ရှိနေ​​​​ကြောင်းတွေ့လိုက်ရသည်။

သူ့ရဲ့ မျက်နှာချင်းဆိုင် အဖြူရောင်နံရံပေါ်တွင်

[ လူတွေအား ဆုံးမပညာပေးရာတွင် အရည်အချင်းနှင့်သိက္ခာရှိရမည် ] ဆိုသော တရုတ်ရိုးရာစကားလုံးများချိတ်ဆွဲထားသည်။

ရှုနဥ်က အနီးဆုံးစားပွဲခုံံကို ကြည့်လိုက်သောအခါ ထိုနေရာတွင် Grade 7 စာပေနှင့် ဘာသာစကား ဟူသော စာအုပ်တစ်အုပ်ကိုတွေ့လိုက်ရသည်။ ထိုစာအုပ်မှာ အပြာနှင့်အစိမ်းအဖုံးရှိပြီး အနားများမှာအနည်းငယ် ခေါက်နေ၏။

သူ့အား ထို​​မေးခွန်းမေးသောသူမှာ အသက် ၄၀အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမတွင် တစ်ခေါင်းလုံးကောက်ထားသော ဆံပင်ခွေခွေနှင့် ခပ်ရေးရေးပေါ်နေသော အပြုံးရာတချို့ရှိသည်။ သူမက စားပွဲဘေးတွင် ရပ်နေပြီး လက်တစ်ဖက်ဖြင့် Grade7 စာပေနှင့်ဘာသာစကား ဟူသော စာအုပ်ကိုထောက်ထားသည်။ သူမ၏ မျက်နှာအမူအရာမှာ အလွန်တင်းမာနေသည်။

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now