Chapter 107

1.1K 151 4
                                    

Chapter 107
မနက်ဖြန် ပြန်တော့မယ်

ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ ကျောင်းမှ အိမ်ပြန်ရောက်သောအခါ မဒမ်ဝေ့က ပြုံးပြီး နှုတ်ဆက်လာသည်။
"အိမ်ကနေ ကြိုဆိုပါတယ်…”

ဝေ့မင်ကျန်း လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒီနေ့ ညစာ ဘာစားကြမှာလဲ…”

မဒမ်ဝေ့၏ မျက်လုံးများက တောက်ပနေပြီး သူမ အလွန်ပျော်နေပုံရသည်။
"မားတို့ ဒီည အသားကင်စားမယ်…မင်ကျန်း ရှုနဉ် မားတို့ ခဏတော့ စောင့်ရလိမ့်မယ်…သားရဲ့ ပါးက ဒီည ပြန်လာမှာ...ရှစ်နာရီအထိ စောင့်ရလိမ့်မယ်…”

ရှုနဉ် သဘောပေါက်သွားသည်။

မဒမ်ဝေ့ အလွန် ပျော်နေသည်မှာ အံ့ဩစရာမရှိတော့ချေ။ ဝေ့ယွမ်နင်းက နောက်ဆုံးတွင် ညစာစားရန် အိမ်သို့ ပြန်လာနေပြီဖြစ်သည်။

"ကောင်းပါပြီ…”
ဝေ့မင်ကျန်းက  မည်သည့်ထင်မြင်ချက်ကိုမျှ မပြောဘဲ တိတ်တိတ်လေး ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ည ခုနှစ်နာရီခွဲဝန်းကျင်တွင် အစေခံတစ်ဦးက ဝေ့မင်ကျန်း နှင့် ရှုနဉ်ကို ညစာစားရန်အတွက် ဖိတ်ခေါ်ရန် အပေါ်ထပ်သို့တက်လာသည်။

ရှုနဉ်က အချိန်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ်ထူးဆန်းသွားသည်။ မဒမ်ဝေ့က ထိုသူ ရှစ်နာရီတွင် ပြန်လာမည်ဟု ပြောခဲ့သော်လည်း ယခုတွင်မူ ခုနစ်နာရီခွဲသာရှိသေးသည်။
ဘယ်လိုဖြစ်လို့ ညစာစားချိန်ရောက်သွားရတာလဲ…ဝေ့ယွမ်နင်း စောစောပြန်လာခဲ့တာများလား….

သူတို့နှစ်ယောက် ထမင်းစားခန်းသို့ အစေခံများနောက်မှ လိုက်သွားကာ ထမင်းစားပွဲ၌ တစ်ယောက်တည်း ထိုင်နေသော မဒမ်ဝေ့ကို သူတို့ မြင်လိုက်ရသည်။ သူတို့ နှစ်ယောက်ကို တွေ့လိုက်သောအခါတွင် သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်ကျန်း၊ ရှုနဉ်…”

ဝေ့မင်ကျန်းက သူ့အနားသို့ လျှောက်သွားကာ ကုလားထိုင်ကို ဆွဲထုတ်ပြီး ထိုင်လိုက်သည်။
"ပါးက ဘယ်မှာလဲ…”

မဒမ်ဝေ့က ပြောလိုက်သည်။
" ခုနကမှ ညစာစားပွဲရှိလာလို့ဆိုပြီး သူပြန်မလာတော့ဘူး….”

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now