Chapter 103
သူတို့ နေရမည့်နေရာကို စီစဉ်ပြီးသည်နှင့် လီယုံးနာ့က ဝေ့ရှန်ဟယ့်ကို ဖုန်း ခေါ်လိုက်သည်။
သူမက အဖြစ်အပျက်အလုံးစုံကို ပြောပြပြီးနောက် ဝေ့ရှန်ဟယ့်ကို ချော့မော့တောင်းဆိုရန် ကြိုးစားလိုက်သည်။
“ရှန်ဟယ့်…ဖေးမာကျို့မှာရှိတဲ့ ကျွန်မတို့မိသားစုရဲ့ အစုရှယ်ယာတွေကို မင်ကျန်းကို ပေးလို့ရမလား…”ဝေ့ရှီမင်းက သူ့ပိုင်ဆိုင်မှုများအားလုံးကို လွှဲပြောင်းထားလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ထိုပိုက်ဆံများ၏တည်နေရာကို ယခုချိန်၌ မသိရသေးပေ။ ထို့ကြောင့် ဝေ့မင်ကျန်းက ၎င်းတို့ကို ပြန်လိုချင်ပါက အချိန်ကြာမြင့်စွာ စောင့်ရမည်ဖြစ်သည့်အပြင် မူလပမာဏနှင့်လည်း တူညီမည်မဟုတ်ပေ။ သူမ အလွန် အပြစ်ရှိသလို ခံစားခဲ့ရသည်။
ဝေ့ရှန်ဟယ့်၏ အသံက တည်ငြိမ်ပြီး အလျင်မလိုပေ။ "ဖေးမာကျို့က အခု အရမ်းတိုးတက်နေတယ်…ငါတို့ နောက်ဆုံးမှ သူတို့ရဲ့ ရှယ်ယာဆယ်ရာခိုင်နှုန်းကိုပဲ ရဖို့စီစဉ်နိုင်ခဲ့တာ…မင်းက ငါ့ကို အဲ့ဒီရှယ်ယာတွေ မင်ကျန်းကို ပေးစေချင်နေတာလား…”
လီယုံးနာ့က ဖေးမာကျို့အဖွဲ့အစည်း အကြောင်း အနည်းငယ်မျှသာ ကြားဖူးသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့နာမည်အောက်မှာ ကုမ္ပဏီတွေ အများကြီးနဲ့ စတော့တွေ အများကြီးရှိနေတာပဲလေ…ဒါကို သူ့ကို ပေးရင် ဘာဖြစ်မှာမို့လို့လဲ…ဒီနှစ်တွေထဲမှာ သူဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ ရှင်မသိပါဘူး…စိတ်ထားအရမ်းကောင်းတဲ့ အဲ့ကလေးက ရိုက်နှက်ခံ၊ညှဉ်းပန်းနှိပ်စက်ခံရပြီး အဆုံးသတ်ခဲ့ရတယ်…သူ အိမ်ပြန်ရောက်လာတာတောင်မှ ခွဲခြားဆက်ဆံခံရသေးတယ်… ရှင်က သူ့အဖိုးပဲလေ…တစ်ခုခုလုပ်မပေးနိုင်ဘူးလား…အဲ့ဒီစတော့တွေက ရှင့်မြေးထက် ပိုအရေးကြီးလား…ဘာပဲဖြစ်ဖြစ် ကျွန်မ သဘောတူပြီးသွားပြီ…ရှင်လည်း သဘောတူရမယ်…”ဝေ့ရှန်ဟယ့် သက်ပြင်းချလိုက်သည်။
"ဒါက အဲ့လောက် မလွယ်ဘူး…အဲ့ဒီ ရှယ်ယာတွေ ရဖို့အတွက် ငါ ရှန့်ခယ်ကရင်းနှီးမြှုပ်နှံမှုတွေကို သုံးခဲ့တာ…ဖေးမာကျို့က ရှယ်ယာတွေကို ဝေ့မင်ကျန်းကို ပေးလိုက်မယ်ဆိုရင် ရှန်ခယ့်က ရှယ်ယာတွေကိုလည်း ပေးရလိမ့်မယ်…ဒီကလေးက သေချာကို ကောင်းကောင်း စီစဉ်ထားတာပဲ…”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး