Chapter 19
သို့သော်လည်း သူက မစ္စချိုက်ကို မလွန်ဆန်ရဲသည့်အတွက် စွပ်ပြုတ်ကိုယူ၍ တစ်ကျိုက်တည်းမော့ချလိုက်သည်။ ထို့နောက် ကင်းစင်သွားသောပန်းကန်ကို မစ္စချိုက်ထံသို့ ပြန်မပေးခင်တွင် သစ်ကြားသီးနှင့် တခြားသောအာဟာရရှိသည့်အသီးများကို အကုန်စားလိုက်သည်။
ရှုနဉ်က သူ့ကိုခေါ်လိုက်သောအခါ မစ္စချိုက်က ထွက်သွားရန်ပြင်နေသည်။
“မာမား”
မစ္စချိုက်က သူ့ကိုလှည့်ကြည့်လာသည်။
“ဘာဖြစ်လို့လဲ ကလေး”
ရှုနဉ်က ပြောသည်။ “ဆောင်းရာသီပိတ်ရက်ကျရင် မြို့ပေါ်ကိုသွားချင်တယ်”
မစ္စချိုက်က ပြန်ပြောသည်။ “တရုတ်နှစ်သစ်ကူးကျရင် မြောက်ပိုင်းက အမျိုးတွေဆီ သွားလည်ကြမလို့လေ သားရဲ့အဘွားက သားကိုအရမ်းသတိရနေတာ”
ရှုနဉ်က ပြောသည်။ “တရုတ်နှစ်သစ်ကူးမတိုင်ခင် အချိန်တွေအများကြီးရှိသေးတယ်လေ မြို့တော်ကိုသွားပြီး နှစ်သစ်မရောက်ခင် လျှောက်လည်ချင်သေးတယ်”
မစ္စချိုက်က ခေါင်းခါလိုက်၏။ “သားအဖေက နှစ်သစ်မတိုင်ခင် ဘယ်လောက်အလုပ်များလဲသိရဲ့လား မာမားတို့ သားကိုမခေါ်သွားနိုင်ဘူး”
“ကျွန်တော့်ဘာသာသွားမယ်လေ” ရှုနဉ်က ပြောလိုက်သည်။
“သားကလား” မစ္စချိုက်က မျက်ခုံးပင့်လိုက်သည်။
ရှုနဉ်က ချက်ချင်း လေသံပြောင်းလိုက်သည်။
“ချိုက်ချိုက်လည်း သားနဲ့လိုက်ခဲ့လေ”
မစ္စချိုက်၏မျက်နှာထားက အနည်းငယ်ပိုပျော့ပြောင်းသွားသော်လည်း ခေါင်းခါဆဲသာဖြစ်သည်။
“သားအဖေက ပိတ်ရက်မှာ အရမ်းအလုပ်များမှာ အဲဒီတော့ မာမားက ကူညီရမှာလေ”
ရှုနဉ်က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။
“ဒါဆို သူငယ်ချင်းနဲ့အတူတူသွားမယ်ဆိုရင်ရော”
မစ္စချိုက်က မျက်ခုံးနှစ်ဖက်ကြားက နေရာလွတ်ကို ပွတ်လိုက်သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး