Chapter 77
အမျိုးသမီးဇာတ်လိုက် ပေါ်လာပြီ။အမျိုးသမီးဇာတ်လိုက်က နတ်သမီးကဲ့သို့ ချောမောပြီး ချစ်စရာကောင်းသောကြောင့် သူပင် အံ့ဩသွားသည်။
ဗီလိန်လေးက ကျန့်ယောင်ကို မြင်မြင်ချင်း ချစ်မိသွားသည်မှာ အံ့သြစရာမဟုတ်ပေ။
သူ အမျိုးသမီး ဇာတ်လိုက်ကို ခဏစိုက်ကြည့်နေမိသည်။ ထို့နောက် သူ ဗီလိန်လေးဘက်သို့လှည့်ကာ သူ၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်။ သို့သော် သူခေါင်းလှည့်လိုက်သည်နှင့် ဗီလိန်လေး၏ အေးစက်သောအကြည့်ကို သူတွေ့လိုက်ရသည်။
သူ့မျက်လုံးများထဲတွင် အံ့အားသင့်စရာ မည်သည့်အရိပ်အမြွက်မျှ မရှိပေ။ ထို့အစား သူ့မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေသည်။
နေပါဦး...မင်းက ဘာလို့ ဇာတ်လိုက်မကိုမကြည့်ဘဲ ငါ့ကို ကြည့်နေရတာလဲ…
ပြီးတော့ မင်းငါ့ကို ဘာလို့စိတ်ဆိုးနေတာလဲ…
ဗီလိန်လေးက အမျိုးသမီးဇာတ်လိုက်ကို ချစ်မိသွားပုံကို ရှုနဉ်စဉ်းစားမိသွားပြီး သူ့ခေါင်းကိုလှည့်ကာ လျစ်လျူရှုလိုက်သည်။
သူ ယခုလေးတင် ပြောနေသည့်လူက ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မဒမ်ဝေ့ မထင်ထားမိပေ။ ကျန့်ယောင်၏ ငြင်းဆိုချက်ကို သူမ ကြားသည်နှင့် အံသြစွာ ပြောလိုက်သည်။
"ယောင်ယောင်…”ကျန့်ယောင်ကအဖြူရောင်စကတ်ကို ဝတ်ဆင်ကာ သူတို့ဆီသို့ လှပစွာ လျှောက်လာသည်။ သူ့မျက်လုံးများက ဝေ့မင်ကျန်းနှင့်ရှုနဉ်တို့ကို စူးစူးရဲရဲ ကြည့်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့်ပုံပေါ်လာသည်။
မူလက ဝေ့ရှီမင်း၏အဖြစ်အပျက်ကို ကြားပြီးနောက် သူမ ဒေါသတကြီး ဖြစ်သွားခဲ့သည်။ သူမက ဝေ့မင်ကျန်းကို ရိုးရိုးသားသား ငြင်းဆန်ပြီး ထိုအကြောင်းကို မေ့ပစ်လိုက်ပါဟု ပြောချင်မိသည်။ သို့သော်လည်း သူတို့၏ ရုပ်ရည်ချောမောမှုကြောင့် သူမ အလွန် အံ့အားသင့်သွားခဲ့သည်။ သူမ အလွန် အံ့အားသင့်နေသောကြောင့် ပြောရန် ပြင်ဆင်ထားသည့် စကားများကိုပင် မေ့သွားသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး