Chapter 83
ဝတ်စုံဆင်တူဝတ်ခြင်း"ဒီခေတ်က ဆဲလ်ဖုန်းတွေကို ကောင်းကောင်းကာကွယ်ထားရမယ်… ဗိုင်းရပ်စ်ကို ကောင်းကောင်းဒေါင်းလုဒ်ဆွဲဖို့အတွက် သူ့ဖုန်းကို ငါ့ပေါ်လက်တင်ပြီး စနစ်ဆက်တင်တွေကို ဖွင့်ထားဖို့ပဲ လိုတယ်… ဒီလိုနည်းနဲ့ပဲ ဗိုင်းရပ်စ်ကို ဘယ်သူကမှ မသိဘဲ ထည့်လို့ရတယ်…”
ဝေ့မင်ကျန်းက ရှုနဉ်ကို မည်သည့်အရာမှ ဖုံးကွယ်ထားခြင်းမရှိပေ။ ပထမအဆင့်မှာ လျန်ဖုန့်၏ဖုန်းကိုယူပြီး စနစ်ဆက်တင်များကိုဖွင့်ရန်ဖြစ်သည်။ ဒုတိယအဆင့်အနေနှင့် ဆော့ဖ်ဝဲလ်ကို ထည့်သွင်းရန် အတွက် သူ့ကို QR ကုဒ်ကို စကင်န်ဖတ်ခိုင်းလိုက်သည်။
" လျန်ဖုန့်ရဲ့ ဖုန်းကို ဘာလို့ ဗိုင်းရပ်စ်ထည့်လိုက်တာလဲ…”ရှုနဉ် စိတ်ရှုပ်သွားသည်။ ဝေ့မင်ကျန်းက ပြုံးပြီးပြောသည်။
"ဒါက သူတို့ကို အံ့ဩအောင်လုပ်ဖို့လေ…”ရှုနဉ်က သူ၏ နက်နဲပြီး ကြည်လင်သည့် မျက်လုံးများကို ကြည့်လိုက်သည်။
"ဒါဟာ ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်..."သူက ယခုတွင် ကပွဲကို စောင့်မျှော်နေရန်သာ လိုသည်။ ဗီလိန်လေးက ရှုနဉ်ကို သူလုပ်ခဲ့သည့် အရာများအား ဖုံးကွယ်ထားခြင်းမရှိပေ။ ပထမ၊ သူက လျန်ဖုန့်၏ Wechat၊ QQနှင့် အခြားအရာအားလုံးကို ကျူးကျော်ဝင်ရောက်ခဲ့သည်။ သူက စကားပြောမှတ်တမ်းထဲတွင် ကပွဲအတွက် အစီအစဉ်များကို တွေ့ခဲ့သည်။ ထို့နောက် ရှူနဉ်က မကောင်းတာ တစ်ခုခုလုပ်ရန် အတန်းလစ်သွားသည့် သူ့အတွက် အကာအကွယ်ပေးခဲ့သည်။ သူ မည်သည်များ လုပ်နေသည်ကို ဗီလိန်လေးက အတိအကျ မပြောပေ။
"တအံ့တဖြစ်သွားလိမ့်မယ်…” ဟုသာ လှို့ဝှက်ဆန်းကြယ်သလို ပြောခဲ့သည်။
ရှုနဉ်:" ……..”
မင်းကဘာလို့ ငါ့ကိုပါ အံ့ဩသွားအောင် ကြိုးစားနေရတာလဲ…
လူတိုင်း၏ စိတ်အားထက်သန်သည့် မျှော်လင့်ချက်များကြားတွင် ကပွဲနေ့က နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ကပွဲက ကြာသပတေးနေ့ ညနေခင်းတွင် ဖြစ်သည်။ ဖိတ်ကြားခံရသော ကျောင်းသားများက အမိုက်စားဝတ်စုံများနှင့် ဂါဝန်များကို ၀တ်ဆင်ထားကြသည်။ ထို့နောက် ဆိုက်ယောင်၏ ဧည့်ခန်းမဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး