Chapter 98

1.3K 197 3
                                    

Chapter 98
ဝေ့မိသားစုမှ နှင်ထုတ်ခံရခြင်း

ဝေ့ရှီမင်း တုံ့ဆိုင်းနေသည်ကို မြင်သည်နှင့် လီယုံးနာ့က သူ မည်သည့် အဖြေပြန်ပေးမည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။ သို့သော်လည်း သူ ဝန်ခံပြီးသည်နှင့် သူမ စိတ်မပျက်ဘဲ မနေနိုင်ဖြစ်သွားသည်။

ဝေ့ရှီမင်းက လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် သူ၏ကိုယ်ရေးအချက်အလက်အစစ်အကြောင်းကို သိခဲ့သော်လည်း ထိုအကြောင်းကို မပြောခဲ့ပေ။ သူက ကျိုးကျွမ်အကြောင်းကို မပြောခဲ့သကဲ့သို့ ထိုအချိန်က ဒုက္ခခံစားနေရဆဲဖြစ်သည့် ဝေ့မင်ကျန်း၏ အကြောင်းကိုလည်း မပြောခဲ့ပေ။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ဝေ့ရှီမင်းက ဉာဏ်ရည်ထက်မြက်ပြီး လိမ်မာလာပုံရသည်ကို မဒမ်ဝေ့  သတိရမိသွားသည်။ သူက သူမ စိတ်ကျေနပ်စေရန်အတွက် တတ်နိုင်သည့် အရာအားလုံးကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုအတွေးက သူမကို အလွန်ပင် အေးစက်သွားစေသည်။

သူ ဘယ်သူဆိုတာ သိသွားခဲ့လို ငါ စိတ်ကျေနပ်အောင် ကြိုးစားနေခဲ့တာများလား…

သူက ကျန့်ယောင်ကို လုပ်ကြံခဲ့သည်။ သူက သူမအတွက် ထောင်ချောက်တစ်ခု ဆင်ခဲ့ပြီးနောက် သူမကို ပြန်လည် ကယ်တင်ခဲ့သည်။ ထို့ကြောင့်သာ ကျန့်ယောင်က သူ့ကို ချစ်မိသွားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်ကိုမူ ဖော်ထုတ် ပြီးပြီဖြစ်သည်။

ထိုအချိန်တွင် လူတိုင်းက သူ ကျန့်ယောင်ကို အလွန်ချစ်သောကြောင့် သူမနှင့် နီးစပ်ရန် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံကို သုံးရန် ကြိုးစားခဲ့သည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော်လည်း ယခုတွင် ထိုအသံသွင်းမှတ်တမ်း ပေါ်ပေါက်လာသည်နှင့် ထိုအဖြစ်အပျက်၏ သဘောသဘာဝက လုံးဝပြောင်းလဲသွားခဲ့သည်။

မဒမ်ဝေ့က လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။

လီယုံးနာ့လည်း မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။

ထိုအခိုက်အတန့်တွင် အိမ်တော်ထိန်းက ထူးဆန်းသောအမူအရာဖြင့် ဝင်လာသည်။
"သခင်မ...မဒမ်…ကျွန်တော်တို့ဆီကို  ဧည့်သည်တစ်ယောက် ရောက်လာပါတယ်…”

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now