Chapter 105
လက်ထပ်ရန် သဘောတူညီမှုဓါတ်ပုံဆရာမ မည်မျှပျော်နေသည်ကို သူမြင်လိုက်ရသောအခါ ဓာတ်ပုံများက ဆင်ခြေသက်သက်သာဖြစ်မည်ဟု ရှုနင် သံသယဖြစ်သွားသည်။ သူမ၏ အမှန်တကယ့်ရည်မှန်းချက်က WeChatအကောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
မွန်းတည့်အချိန်အရောက်တွင် သူ့အစာအိမ်က အချက်ပြလာသည်။
ဝေ့မင်ကျန်းက ပြောလိုက်သည်။
" နေ့လယ်စာစားဖို့ နေရာရှာရအောင်…”သူ ဘေးပတ်ပတ်လည်သို့ လှမ်းကြည့်လိုက်သောအခါ လှပစွာ အလှဆင်ထားသည့် စားသောက်ဆိုင်တစ်ခုကို တွေ့လိုက်ရ၍ ထိုနေရာသို့ သွားရန် စီစဉ်လိုက်သည်။
ရှုနဉ်က ရုတ်တရက် သူ့ကို လှမ်းဆွဲလိုက်သည်။
"ဟေ့ မင်းက ဘာလို့ စားသောက်ဆိုင်ကို သွားနေတာလဲ…”ဝေ့မင်ကျန်းလည်း မျက်တောင်ခတ်လိုက်သည်။
"ငါတို့ နေ့လယ်စာစားဖို့ ဘယ်ကိုသွားရမှာလဲ…”"ငါတို့ လမ်းဘေးအစားအစာပဲ စားသင့်တာ သိသာနေတာပဲလေ ….”
သူက သူ့ ဆဲလ်ဖုန်းကို ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
“ငါတွေ့ပြီ….ဒီနေရာနဲ့ မလှမ်းမကမ်းမှာ ဈေးဆိုင်မျိုးစုံရှိတဲ့ လမ်းတစ်လမ်းရှိတယ်…ငါတို့လမ်းရဲ့တစ်ဖက်ကနေစပြီး လမ်းရဲ့တခြားတစ်ဖက်အထိ စားသွားလို့ရတယ်…”ရှုနဉ် မည်မျှမျှော်လင့်နေသည်ကို သူတွေ့သောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်ပြီလေ…”
သူတို့နှစ်ဦး GPS ၏ ညွှန်ကြားချက်များကို လိုက်နာပြီး တံတားတစ်ခုကို ဖြတ်ကျော်ခဲ့ကြသည်။ ထို့နောက် သူတို့ လိုရာခရီးကို မရောက်မီ အနည်းငယ် လမ်းလျှောက်ခဲ့ကြရသည်။လမ်းတစ်လျှောက် ရုတ်တရက်ပို၍ စည်ကားလာပြီး လူများက နေရာပေါင်းစုံသို့ ရွေ့လျားနေကြသည်။
ဝေ့မင်ကျန်းက မည်သည့်အရာထက်မဆို လူအုပ်စုကြီးကို ပိုမုန်းသည်။ သူ အနည်းငယ် ငြင်းဆန်ချင်သလို ခံစားမိလာသည်။
"တကယ်သွားချင်တာလား..”ရှုနဉ်က သူ့လက်ကို ကိုင်လိုက်သည်။
"သွားကြရအောင်…”"ငါက တခြားလူတွေနဲ့ မထိချင်ဘူး…”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး