Chapter 54
ဝက်ဝံညအိပ်ဝတ်စုံညစာစားပြီးနောက်တွင် ရှုနဉ်က မီးဖိုခန်းထဲသို့ ဝင်ကာ ပန်းကန်ဆေးနေသည့် ချိုက်ချင်ကိုပြောလိုက်သည်။
“ချိုက်ချိုက် ယင်းမင်းကျန်းပန်းကန်ထဲကို နောက်ဆို ဟင်းတွေထည့်မပေးနဲ့တော့ ...”
ချိုက်ချင်က ရေပိုက်ခေါင်းအောက်ရှိပန်းကန်ပြားတစ်ချက်ကို ဆေးကြောနေရင်းတန်းလန်းဖြစ်ပြီး သူပြောသည်ကို ကြားလိုက်သည့်အခါ အံ့ဩသွားသည်။
“ဘာဖြစ်လို့လဲ...”
ရှုနဉ်က သူ့ဘေးတွင် ရပ်လိုက်ပြီး ရေမြှုပ်ကိုယူကာ ပန်းကန်ကူဆေးပေးလိုက်သည်။
“မာမားက အဲ့လိုလုပ်လေ ယင်းမင်ကျန်းကပိုပြီး ကို့ရို့ကားရားဖြစ်လေပဲ...”“ဘာလို့လဲ...“
“ဘာလို့လဲဆိုတော့ မာမားက သူ့ကို ယဉ်ကျေးနေမယ်ဆိုရင် သူက သူ့ကိုသူ ဧည့်သည်ဆိုတာ ပြန်ပြန်ပြီး သတိရရ သွားတတ်လို့လေ...
ချိုက်ချင် အံ့ဩသွားသည်။
“ အဲလိုလား...”“ဟုတ်တယ်...”
ရှုနဉ်က ဆေးပြီးသည့်ပန်းကန်များကို အခြောက်ခံစင်ပေါ်သို့ တင်လိုက်သည်။“ကျွန်တော်တို့ အားလပ်ရက်တုန်းက မြောက်ပိုင်း အဘွားတို့အိမ်ကို အလည်သွားတုန်းက ကျွန်တော်တို့ သွားမလည်ဖြစ်တာ ကြာပြီမို့ အဲ့ဒီက ဘယ်သူနဲ့မှ ကျွန်တော်နဲ့ မရင်းနှီးဘူးလေ... သူတို့က အမြဲတမ်း ကျွန်တော့်ကို ဘာစားမလဲ၊ဘာသောက်မလဲ ပဲမေးနေတာ...ကျွန်တော်ထိုင်နေရင်တောင်မှ အေးနေပြီလားလို့ မေးတယ်... ညစာစားရင်လည်း ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေအပြည့်ထည့်ပေးကြတယ်...ကျွန်တော့်ကိုလဲ ဗိုက်ပြည့်နေပြီလားလို့ အမြဲမေးတယ် မာမား စိတ်မဆိုးနဲ့နော်...ရိုးရိုးသားသားပြောရရင် အဲ့ဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်...“
“ကျွန်တော် တကယ်ကြီး သက်တောင့်သက်သာမရှိသလိုခံစားရတယ်... အကုန်လုံးက ကောင်းအောင် လုပ်ပေးနေကြတာဆိုပေမဲ့ ကျွန်တော်ဘာလုပ်လုပ် သူတို့က လိုက်မေးနေကြတယ်... ကျွန်တော်ဘာပဲလုပ်လုပ် သက်တောင့်သက်သာမရှိသလို စားနေရင်းတောင် စိတ်စနိုးစနှောင့်ဖြစ်တယ်... အမြဲတမ်း ကျေးဇူးတင်ပါတယ်လို့ ပြောဖို့စောင့်နေရသလိုပဲ...တကယ့်ကို ခြေကုန်လက်ပန်းကျတယ်။”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Fiksi RemajaTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး