Chapter 76
အမျိုးသမီးဇာတ်လိုက် ပေါ်လာပြီ။နောက်တစ်နေ့တွင် မဒမ်ဝေ့က ဝေ့မင်ကျန်း၊ရှုနဉ်တို့နှင့်အတူ ခမ်းနားသည့်ဖက်ရှင်ဖြင့် အပြင်ထွက်ခဲ့သည်။ သူတို့က ဇိမ်ခံစတိုးဆိုင်ပေါင်းများစွာကို သွားကာ ဈေးဝယ်ထွက်ခဲ့ကြပြီး ဝေ့မင်ကျန်းအတွက် လှပသော Omega Seamaster နာရီကိုပင် ဝယ်ခဲ့သေးသည်။
ဝေ့မင်ကျန်းကလည်း ရှုနဉ်အတွက် နာရီနောက်တစ်လုံး ထပ်ဝယ်ပေးချင်နေသောကြောင့် ရှုနဉ် အမြန်ငြင်းလိုက်သည်။
ဝေ့သခင်မလည်း ယင်းမင်ကျန်းက သူမကို ရှုနဉ် အတွက် နာရီတစ်လုံးဝယ်ပေးရန် ရည်ရွယ်သည်ဟု တွေးမိလိုက်သောကြောင့် သူမထိုနာရီအတွက် အမြန်ပဲ ငွေပေးချေလိုက်သည်။ ဝေ့မင်ကျန်းက ထိုအချက်ကို ခဏတာ တွေးကြည့်ပြီး နောက်ဆုံးတွင် ငြင်းဆန်လိုက်ကာ မဒမ်ဝေ့ကို ငွေချေခွင့် မပြုခဲ့ပေ။
ရှုနဉ် “……”သူ အလကား ယူချင်နေသကဲ့သို့ ခံစားရလိုက်ရသည်။ သူ လက်မခံချင်သော်လည်း သားအမိနှစ်ယောက်လုံးက သူ့ကို ထိုနာရီယူရန် တိုက်တွန်းနေကြသည်။ ရှုနဉ် လက်ခံလိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူက ထိုနာရီကို လုံခြုံသောနေရာတွင် သိမ်းထားရန် စီစဉ်ခဲ့သည်။
ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူက နာရီဝတ်ရသည်ကို မနှစ်သက်ပေ။ ထိုမျှလောက်စျေးကြီးသည့် တစ်ခုခုကို ဝတ်ရခြင်းက သူ့အတွက် သက်တောင့်သက်သာမရှိဖြစ်စေပြီး ဖျက်ဆီးမိသွားမည်ကို အမြဲကြောက်နေရလိမ့်မည်။
ကြွားဝါပြသရန်မှလွဲ၍ အခြားမည်သည့်အတွက်မှ အမှန်တကယ် အသုံးမဝင်ပေ။
သို့သော်လည်း အထက်တန်းစား လူ့အဖွဲ့အစည်းတွင် ကြွားဝါခြင်းက နေ့စဉ်ဘဝ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူ ဗီလိန်လေးကို အရှက်ကွဲအောင် မလုပ်နိုင်ပေ။
ထိုနာရီနှစ်လုံးအပြင် မဒမ်ဝေ့က သူတို့ကို အဝတ်အစားများဝယ်ပေးရန် ကုန်တိုက်သို့ ခေါ်သွားခဲ့သည်။ ဗီလိန်လေးတွင် ပိုက်ဆံများစွာရှိသော်လည်း သူက ဈေးဝယ်ရသည်ကို မကြိုက်သကဲ့သို့ ဇိမ်ခံပစ္စည်းများကိုလည်း မကြိုက်၍ သာမာန်ကျောင်းသားတစ်ယောက်နှင့် ကွာခြားမှုမရှိပေ။ ရှုနဉ်က သူ့ထံတွင် သူဌေးတစ်ယောက် ဟူသည့် လက္ခဏာမျိုး တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပေ။ ဗီလိန်လေး၏ဘဏ်အကောင့်ထဲရှိ နံပါတ်များကြောင့်သာ သူက သူဌေးတစ်ဦးဖြစ်သည်ကို သူသိနေခြင်းဖြစ်သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Roman pour AdolescentsTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး