Chapter 7
သူတို့နှစ်ယောက်သား ဆေးပေးခန်းထဲမှ ထွက်လာလိုက်ကြသည်။ယင်းမင်ကျန်းက ဆူပုပ်ပုပ် မျက်နှာပေးနှင့် စာသင်ခန်းများရှိရာသို့ လျှောက်သွားသည်။ရှုနဉ်က သူ့ကို အနောက်ဘက်သို့ပြန်ဆွဲခေါ်ပြီး မေးလိုက်သည်။
“မင်းကဘယ်ကိုသွားမလို့လဲ ဆရာဝန်က ငါတို့ကိုဆေးရုံကနေ ဆေးစစ်ချက်တွေသွားယူဖို့ ပြောထားတယ်လေ”
“မသွားဘူး”
ယင်းမင်ကျန်းက နောက်ဘက်ကိုလှည့်ပြီးသူ့လက်ကို ခါချလိုက်သည်။(T/N - ရှုရှုက သူ့လက်ကိုဆွဲပြီးခေါ်ထားလို့ သူက ခါထုတ်ပလိုက်တာကွာ ။ )
“မင်းမှာဒါဏ်ရာရနေရင်…….”
“မင်းနဲ့ဘာဆိုင်လို့လဲ”
ယင်းမင်ကျန်းက အေးတိအေးစက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒီ ကောင်လေးရဲ့ အရပ်က သိပ်လဲမရှည်ဘူး။သူ့ရဲခန္ဓာကိုယ်က ပိန်သွယ်ပြီး သူ့မှာချောမောတဲ့မျက်နှာလေးလဲ ရှိတယ်။ အကယ်လို့ သူ့ကိုသာစကပ်ဝတ်ပေးလိုက်မယ်ဆိုရင် မိန်းကလေးတစ်ယောက်လိုမျိုး လှနေမှာ သေချာပေါက်ပဲ။
“မင်းငါ့ကိုမုန်းနေတာမဟုတ်ဘူးလား ငါ့အဖေက ထောင်ကျသွားပြီဆိုတော့ ငါလည်းသေချာပေါက် ထောင်ထဲမှာပဲ အဆုံးသတ်ရမှာလို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား ဘာလဲ အခုမှ မင်းက ရုတ်တရက်ကြီး လာ သနားဂရုဏာသက် ပြနေတာလား ”
ရှုနဉ်က အံ့ဩထိတ်လန့်သွားပြီး သတိလက်လွတ်ဖြင့် သူ့လက်ကိုလွှတ်လိုက်သည်။
ထိုကောင်လေးကမူ လှည့်ထွက်သွားတော့သည်။ကျောခိုင်းပြီးအဝေးကိုလျှောက်သွားသည့်ထိုပုံရိပ်လေးတွင် ခေါင်းမာခြင်းနှင့်မာနကြီးခြင်း နှစ်မျိုးစလုံးကို မြင်တွေ့နိုင်သည်။
ရှုနဉ်က အားကစားကွင်းထဲရှိ ပြေးလမ်းပေါ်တွင် ရပ်နေမိသည်။ သူ မယုံနိုင်လောက်အောင်ကိုဘဲ စိတ်ပျက်သွားရသည်။
သူရုတ်တရက်ဆိုသလို သူနဲ့ ဗီလိန်လေးရဲ့ကြားက ခုနှစ်နှစ်တာ ဝေးကွာနေမှု ကို သူမေ့သွားခဲ့တယ်ဆိုတာ သဘောပေါက်သွားသည်။ထို ခုနှစ်နှစ်အတွင်းမှာ သူက ဗီလိန်လေးကို အနိုင်ကျင့်ပြီး ခွဲခြားပစ်ပါယ်ထားတဲ့သူတွေထဲက တစ်ယောက်ဖြစ်နေခဲ့သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Roman pour AdolescentsTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး