Chapter 73
ဝေ့မိသားစုယခင်က သူမ ယင်းမင်ကျန်းကို ပညာပြချင်သော်လည်း ယင်းမင်ကျန်းက သူမကို ပြန်ပညာပြခြင်းဖြင့် အဆုံးသတ်သွားသည်။ ထိုသခင်ငယ်လေးက သွေးအေးလွန်းသည်။ ရှုနဉ်က သူ့ကို လွှတ်ပေးတော့မည်ဆိုသည်မှာ သေချာသော်လည်း ယင်းမင်ကျန်းက ထိုသို့ ပြုလုပ်ရန် ငြင်းဆန်ခဲ့သည်။
ဘယ်လောက်တောင် ရက်စက်ကြမ်းတမ်းပြီး လက်စားချေတတ်တဲ့ လူစားမျိုးလဲ…
ဟူမေ့ ယခု အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ သူ ယင်းမင်ကျန်းကိုလျှော့မတွက်ရဲတော့ပေ။ ယခုကဲ့သို့သော အသေးအဖွဲကိစ္စများကိုပင် အပြစ်ပေးခြင်းခံရပါက သူသာ ယခုထက်ကြီးသည့် ပြသနာမျိုးလုပ်မိလျှင် ရလဒ်က ပို၍ပင် ဆိုးရွားသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ယင်းမင်ကျန်းက သူတို့၏ သခင်လေးဖြစ်ပြီး သူက အစေခံဖြစ်သည်။ ယင်းမင်ကျန်းကို ဆန့်ကျင်မိပါက နာကျင်ရမည့်သူက သူပင် ဖြစ်သည်။
“မင်းမှတ်မိပြီလား...”
ယင်းမင်ကျန်းက ရှုနဉ်ကို မေးလိုက်သည်။ဖုန်းနှင့် ကစားနေသည့် ရှုနဉ်က သူ့ကို ကြည့်လိုက်သည်။
“အာာ အာာ ငါမှတ်မိပြီ…ငါမှတ်မိသွားပြီ…”ပွဲက စနေပြီဖြစ်သည်။
ယင်းမင်ကျန်းက ခေါင်းညိတ်ပြီး အေးစက်စက်ပြောလိုက်သည်။
“မဆိုးပါဘူး…နောက် ငါတို့မှာဧည့်သည်ရှိရင် မင်းဒီနေ့လုပ်သလိုမျိုး ရှင်းပြပေးရမယ်…”ဟူမေ့၏ နှလုံးသား အေးခဲသွားသလို ခံစားရသည်။
နောက်တစ်ခေါက်ရှိလာဦးမှာလား…ယင်းမင်ကျန်း၏ အေးစက်စူးရှသည့် အကြည့်များနှင့် ရင်ဆိုင်ရသည့်အခါ ဟူမေ့ နောက်ထပ် ဘဝင်မမြင့်ရဲတော့ပေ။
သူက ခေါင်းငုံ့ပြီးပြောလာသည်။
"တောင်းပန်ပါတယ် သခင်လေး...နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး…”"ဘာကိုဆိုလိုတာလဲ…. ခင်ဗျား ဒီနေ့အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်…အနာဂတ်မှာ ခုလိုပဲဆက်လုပ်ဖို့ ငါမျှော်လင့်ပါတယ်…”
ယင်းမင်ကျန်းက ပြုံးလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ရှုနဉ်နှင့်အတူ အခန်းထဲက ထွက်လာလိုက်သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး