END

2.5K 300 21
                                    

Chapter 115 [END]

ရလဒ်အနေနှင့် သူတို့၏ ဆက်ဆံရေးကို တစ်နှစ်လုံး ဖုံးကွယ်ထားခြင်းဖြင့်သာ အဆုံးသတ်လိုက်ရသည်။

ထိုနှစ်တွင်၊ ရှုနဉ်နှင့် ဝေ့မင်ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် ပေါင်းသင်းဆက်ဆံပုံက ယခင်ကထက် များစွာပြောင်းလဲခြင်းမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ရှုနဉ်က သီးခြားအခန်းများတွင် အိပ်ရန် အတင်းအကြပ် မလုပ်တော့ပေ။ အံ့ဩစရာအကောင်းဆုံးမှာ သူတို့နှစ်ယောက် အိပ်ရာပေါ်၌ အတူတူအိပ်ကြသော်လည်း နမ်းရှုံ့သည်မှလွဲ၍ အခြားအရာများ မဖြစ်ခဲ့ကြပေ။ အတန်ကြာသောအခါ ရှုနဉ် စိတ်ရှုပ်လာလေသည်။

သူက သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လျှို့ဝှက်ထားရန် အကြံပေးခဲ့သူဖြစ်သည်။ သူက ဝေ့မင်ကျန်းကို မလုပ်ရန် ဘာမှမလုပ်ရန်တောင်းဆိုခဲ့ရုံသာမက အခြားသူများရှေ့တွင် ရှိနေစဉ် အကွာအဝေးတစ်ခုကို ထိန်းထားရန် တောင်းဆိုခဲ့သူလည်းဖြစ်သည်။ သို့သော်လည်း ဝေမင်ကျန်းက အနီးအနားတွင် မည်သူမှ မရှိသောအခါတွင်လည်း ထိုကဲ့သို့ပင် ပြုမူနေခြင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

တကယ်လို့ ငါတို့နှစ်ယောက်ရဲ့ အပြန်အလှန် ဆက်ဆံပုံက လုံးဝ မပြောင်းလဲပါရင် ချိန်းတွေ့တာဖြစ်ဖြစ် ချိန်းမတွေ့တာဖြစ်ဖြစ် ဘာများ ကွာခြားချက်ရှိလို့လဲ…

ဝေ့မင်ကျန်းက ငါ့ကို ဘယ်လိုထင်နေတာလဲ…သူက ခင်မင်ရင်းနှီးမှုကိုများ အချစ်လို့  အထင်မှားနေတာလား…အဲ့ဒါကြောင့် ငါနဲ့အတူတူ ကုတင်ပေါ်မှာ လှဲနေရင်တောင်မှ ဘာမှ မထူးဆန်းသလိုဖြစ်နေတာလား…(ရှုတော်တော်ဖြစ် နဉ် )

ဝေ့မင်ကျန်းတွင် ယခင်က ချစ်သူရည်းစားဆက်ဆံရေးမျိုး တစ်ခါမှ မရှိခဲ့ဘူးပေ။ ရှုနဉ်က သူအမှားလုပ်မိသွားမိခြင်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

သူ တကယ်ချစ်တဲ့ သူနဲ့ တွေ့သွားပြီး ငါ့ကို လမ်းခွဲချင်လာရင် ဘယ်လိုလုပ်ရမလဲ…

သူတို့က ငယ်စဉ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့ကြပြီး ခေါင်းကိုင်ညီအကိုများလည်း ဖြစ်ခဲ့ကြသည်။ သူတို့ အချင်းချင်း မကြာခဏတွေ့နေကြရသည်။

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now