Chapter 92
ဗီလိန်လေးသည် ဝေ့မိသားစုနှင့် အဆက်အသွယ်ဖြတ်ပြီး သူ၏မျိုးရိုးအမည်ကို ရှုသို့ပြောင်းလျှင်လည်း မဆိုးလှပေ။ ယခုအချိန်မှစ၍ ရှုနဉ်က ဗီလိန်လေးကို သူ့မိဘများအစား ပိုချစ်ပေးလိုက်မည်ဖြစ်သည်။
ဝေ့မင်ကျန်း အမှန်တကယ် ထွက်ခွာသွားတော့မည်ကိုမြင်သောအခါ မဒမ်ဝေ့ ထိတ်လန့်သွားသည်။
"မင်ကျန်း မသွားပါနဲ့….မား မှားပါတယ်…”
သူမတွင် ယခုအချိန်၌ ဝေ့ရှီမင်းအတွက် အပိုအားအင်များ မရှိတော့ပေ။ သူမက အပေါ်ထပ်သို့ အလျင်စလိုပြေးတက်လာပြီး ပြောလိုက်သည်။
"မင်ကျန်း…မား မှားသွားပါတယ်…မားက သားကိုပဲ ရွေးချယ်တာပေါ့…မား သားကိုပဲ သေချာပေါက် ရွေးတယ်…”
"မဟုတ်ဘူး မဒမ် ဘာအမှားလုပ်မိသွားလဲဆိုတာကို မဒမ်မသိသေးပါဘူး…အခုက မဒမ် ကျွန်တော်ထွက်သွားမှာကို တားဆီးဖို့အတွက် သက်သက်ပဲ ပြောနေတာပါ…”
ဝေ့မင်ကျန်းက သူ့ပစ္စည်းများကို အချိန်ယူပြီး ထုပ်ပိုးနေခဲ့သည်။"မဒမ်ဝေ့ …ကျွန်တော် မဒမ့်ကို စဉ်းစားဖို့ အချိန်တစ်ခုပေးပါ့မယ်…နောက်မှ နောင်တရတာမျိုး မဖြစ်စေချင်ဘူး…”
မဒမ်ဝေ့က သူ့အင်္ကျီလက်ကို ဆွဲကိုင်ထားပြီး သူ့ကိုလွှတ်ပေးရန် ငြင်းလိုက်သည် ။
“အကုန်လုံးက မားရဲ့ အမှားပါ…မား သေချာပေါက် နောင်တမရဘူး…”ဝေ့မင်ကျန်းက သူမခင်ပွန်း၏အငယ်အနှောင်းကို ဥပမာအဖြစ် အသုံးပြုခဲ့သည်။ ၎င်းက သူမကို အလွန် ဒေါသထွက်သွားစေခဲ့သော်လည်း သူမ သတိပြန်ဝင်လာသောအခါ နောက်ဆုံးတွင် သားအရင်းဖြစ်သူ၏ ခံစားချက်ကို နားလည်နိုင်ခဲ့သည်။
ဝေ့မင်ကျန်းက တရားဝင်သားဖြစ်ပြီး ဝေ့ရှီမင်းက အငယ်အနှောင်းသာဖြစ်သည်။
ထို ဥပမာဖြင့် သူမ ထိုကိစ္စကို ချက်ချင်းသိသွားနိုင်ခဲ့ပြီး ဒေါသထွက်သွားခဲ့သည်။
ထိုကိစ္စက အမှန်ပင်ဖြစ်သည်။ ဝေ့ရှီမင်းက အသိုက်ထဲက ချိုးငှက်တစ်ကောင်ကဲ့သို့ပင် ဝေ့မိသားစုထဲသို့ သူ့ကို တမင်တကာ ထည့်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ယခုတွင် သူက ဝေ့မင်ကျန်းကို ဒုက္ခပေးရန် ကြိုးစားနေသည်။ ထိုအရာက အမှန်တကယ် ရိုးရှင်းပြီး ရွံမုန်းဖွယ် ကောင်းလွန်းသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး