Chapter 94
ခေါင်းကိုင်အဖေနှင့် ခေါင်းကိုင်အမေရှူနဉ်နှင့် ဝေ့မင်ကျန်းတို့က လေဆိပ်ရှိ ဧည့်ခန်းတွင် စောင့်နေကြသည်။ သူတို့က လက်မှတ်များကို အွန်လိုင်းမှ ကြိုတင်မှာယူမည့်အစား လေဆိပ်မှာပင် လက်မှတ်ဝယ်လိုက်ကြသည်။ သူတို့ဝယ်ထားသည့် လက်မှတ်များက ညဘက်ထွက်မည့် လေယာဉ်လက်မှတ်များဖြစ်သောကြောင့် နာရီအနည်းငယ်ခန့် စောင့်ဆိုင်းနေကြရသည်။
ကံကောင်းထောက်မစွာဖြင့် ခရီးသွားရာသီအထွတ်အထိပ်သို့ မရောက်သေးပေ။ ထိုသို့မဟုတ်ပါက လက်မှတ်ရရန်ပင် မဖြစ်နိုင်ပေ။
ရှုနဉ်က ဧည့်ခန်းကို ကြည့်နေလျက် အနည်းငယ် ငြီးငွေ့လာသည်။
" ပေကျင်းလေဆိပ်က အရမ်းကြီးတာပဲ…”ဝေ့မင်ကျန်းက ဆိုဖာပေါ်တွင် သူ့လက်ကို ခေါင်းအုံးရင်း လှဲနေသည်။
"ဟုတ်လား…”သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားသောကြောင့် ဝေ့မင်ကျန်း ငုံ့ကြည့်လိုက်သည်။
လျို့ဟုန်: [သူဌေး…ကျွန်မ ကျိုးကျွမ်နဲ့ အဆက်အသွယ်လုပ်ထားတယ်…]
ဝေ့မင်ကျန်း မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူက စာပြန်လိုက်သည်။
[သူ ဘယ်မှာလဲ…]
လျို့ဟုန်- [ဝေ့ရှီမင်းက သူ့ကို နှင်ထုတ်လိုက်တယ်... အခု သူ ကျွန်မတိုက်ခန်းမှာ ရှိနေတယ်…]
ဝေ့မင်ကျန်းပြုံးလိုက်သည်။
[သူ့ကို သေချာဂရုစိုက်ပါ…]လျို့ဟုန်: [စိတ်မပူပါနဲ့ သူဌေး…ကျွန်မ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်…]
ရှုနဉ်လည်း သူ စာရိုက်နေသည်ကို သတိပြုမိသောအခါမေးလိုက်သည်။
"မင်းဘယ်သူနဲ့ စကားပြောနေတာလဲ…”ဝေ့မင်ကျန်းက သူ့ဖုန်းကို သိမ်းလိုက်သည်။
"ငါ့လက်အောက်ငယ်သားတစ်ယောက်နဲ့ပါ…”ရှုနဉ်က ထပ်မေးလိုက်သည်။
"အာာ…လျို့ဟုန်လား…ဒါမှမဟုတ် ကျန့်ဝေ့လား…”သူတို့ ချူကျိုးတွင်ရှိစဉ်က ဝေ့မင်ကျန်းက ချိုက်ချင်၏ အမည်အောက်တွင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖွင့်လှစ်ခဲ့သည်။ သူ၏ သူ့ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပေးရန် ထိုလူနှစ်ယောက်ကို ငှားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အခြားပရောဂျက်အချို့ လုပ်ကိုင်ရန် ထိုကုမ္ပဏီ၏အမည်ကို အသုံးပြုခဲ့သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Novela JuvenilTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး