Chapter 55
ဓါတ်ပုံအယ်လ်ဘမ်ဖန်တီးခြင်းရှုနဉ်က သူ့ကလေးကို အင်္ကျီအသစ်များဖြင့် မြင်ရရန် စောင့်ဆိုင်းနေသည့် အဖေတစ်ယောက်ကဲ့သို့ တံခါးအပြင်ဘက်တွင် စိတ်လှုပ်ရှားစွာ စောင့်နေသည်။
ခဏအကြာတွင် တံခါးပွင့်လာပြီး ယင်းမင်ကျန်း ဝက်ဝံညဝတ်အင်္ကျီဝတ်ကာ ထွက်လာခဲ့သည်။
ဆယ်ကျော်သက်လေးက အလွန်ချောသည်။ သူ့အသားအရည်က ဖြူဖွေးတောက်ပနေပြီး သူ့မျက်လုံးများကလည်း ကျယ်ကာ မျက်ရစ်နှစ်ထပ်လည်းရှိသည်။
သူ မည်သည့်စိတ်ခံစားချက်မှမဖော်ပြဘဲ လျစ်လျူရှုထားသည့်အခါမျိုးတွင်ပင် သူ့မျက်လုံးများက စူးရှပြီး ကျဉ်းမြောင်းသည်။ သူ့ စိတ်ခံစားချက်များကို ဖော်ပြနေသည့်အချိန်တွင်မူ သူ့မျက်လုံးများက ကြီးမားဝိုင်းစက်နေပြီး ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်တွင်ရှိသင့်သည့် ကလေးဆန်မှုများကို ထုတ်ဖော်ပြသနေသကဲ့သို့ဖြစ်သည်။
သူ၏ရင့်ကျက်မှုကို ချစ်စရာကောင်းပြီး ငယ်ရွယ်သည့်ကောင်လေးတစ်ယောက်၏ပုံစံက ဝန်းရံထားသည့်။
ထိုအရာက သူ့ကို မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိစေသည်။
ညဝတ်အင်္ကျီများ၏အသားက နူးညံ့ပြီး အမွှေးပွဖြစ်ကာ ခေါင်းစွပ်ကို ခေါင်းပေါ် ဆွဲတင်လိုက်ပါက ဝက်ဝံနားရွက်လေးများ ပေါ်လာသည်။
ရှုနဉ်က သူ့နှလုံးသားများ တဒုန်းဒုန်းခုန်နေသကဲ့သို့ ခံစားလိုက်ရသည်။
အဟမ်း...
ရှုနဉ်က သူ့ကို လှည့်စားရန်မဆိုနှင့် သူကိုယ်တိုင်ပါ အဆွဲဆောင်ခံလိုက်ရသည်။ရှုနဉ်က ပြောလိုက်သည်။
“ဟိုဘက်ကိုလှည့်လိုက် ငါ့ကို ကျောဘက်လေး ပြပါဦး...”ယင်းမင်ကျန်းက နာနာခံခံနှင့်ပင် တစ်ဖက်ကို လှည့်လိုက်ရာ အမြှီးသေးသေးလေး ပေါ်လာ၏။
ထိုအမြီးလေးက အလွန်ချစ်စရာကောင်း၍ ရှုနဉ် နှာခေါင်းသွေးလျှံထွက်တော့မလိုပင် ခံစားလိုက်ရသည်။
ထင်တဲ့အတိုင်းပဲ မော်ဒယ်ဝတ်ပြထားတာထက် ဆယ်ဆလောက် ပိုသာတယ်...
![](https://img.wattpad.com/cover/358514249-288-k47557.jpg)
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး