Chapter 74
ဝေ့မိသားစုရှိလူများက ပြုံးပြကြသည်။
"ရှုနဉ်ဆိုတာသူလား...ဒီမှာ ဧည့်သည်ရှိတာ ရှားတယ် ထိုင် ထိုင်…”
ယင်းမင်ကျန်းက ရှုနဉ်ကို အဖြူရောင် သားရေဆိုဖာပေါ် တွင် ထိုင်ခိုင်းလိုက်သည်။
ရှုနဉ် သက်ပြင်းတစ်ချက်ချလိုက်သည်။ မည်သို့ပင် တွေးစေကာမူ သူတို့အားလုံးက အနည်းဆုံး အပေါ်ယံတွင် အေးချမ်းနေသကဲ့သို့ ပြုမူနေကြသည်။
သူ့သားက လူတိုင်းကို အလွယ်တကူ နှုတ်ဆက်နိုင်သည့်အတွက် မဒမ်ဝေ့ အလွန်ဂုဏ်ယူနေမိသည်။ သူက လူတိုင်းနှင့် စကားပြောရန် ရှေ့သို့ သွားခဲ့သည်။
ခဏခန့် စကားစမြည်ပြောပြီးသည့်အခါ ဝေ့ရှန်ဟယ့်၊လီယုံးနာ့နှင့် ယင်းမင်ကျန်း၏ အဖေရင်းဖြစ်သူ ဝေ့ယွမ်နင်းတို့က ဒုတိယထပ်ရှိ ခရုပတ်လှေကားမှ ဆင်းလာခဲ့ကြသည်။ မြေညီထပ်ရှိ လူတိုင်းက မတ်တပ်ရပ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ရိုသေစွာ နှုတ်ဆက်ကြသည်။
"အဖေ၊ အမေ၊ ယွမ်နင်း ဒါက ယင်းမင်ကျန်းလေ …”
စုမုလီက သူ၏သားကို ဝေ့မိသားစုခေါင်းဆောင်နှင့် အမြန်မိတ်ဆက်ပေးလိုက်သည်။ သူက ရှုနဉ်ကိုလည်း ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးသည်။
"ဒါက မင်ကျန်းမွေးစားမိဘတွေရဲ့သား ရှုနဉ်ပါ…”
ဝေ့ရှန်ဟယ့်က ယင်းမင်ကျန်းကို အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက နောက်ဆုံးတွင် ရှုနဉ်ဆီသို့ ရောက်သွားပြီးနောက် သူ အနည်းငယ် ထိတ်လန့်သွားသည်။ယခင်က ရှုနဉ်က သူ့ကို ယင်းမင်ကျန်း၏ အချက်အလက်များ ပေးခဲ့ဖူးသည်။ သူတို့ တစ်ကြိမ်တွေ့ဖူးပြီး သူ့အပေါ် ထင်မြင်ချက်အချို့ ရှိနေသေးသည် ။ ထိုအချိန်က ဝေ့ရှန်ဟယ့် ဂရုမစိုက်ခဲ့ဘဲ သူ့ကားကိုရပ်စေရန် ကျောင်းသားတစ်ယောက်ကိုငှားခဲ့သည့် တရားမဝင်ကလေးတစ်ယောက် ဖြစ်မည်ဟု သူထင်ခဲ့သည်။ သိပ်မကြာမီမှာပင် ထိုကိစ္စကို သူမေ့သွားခဲ့ပြီး အဖြစ်မှန်ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး