Chapter 101

2K 263 3
                                    

Chapter 101
ဖေးမာကျို့၏ ရှယ်ယာများ

ဝေ့မင်ကျန်းက တစ်ခုခုကို တွေးနေပုံရသည်။ သူ ရုတ်တရက် အဓိပ္ပါယ်ရှိသည့် အပြုံးကို ထုတ်ဖော်လိုက်သည်။

ရှုနဉ် သူ၏ ဦးခေါင်းက အလင်းအရှိန်ဖြင့် လည်နေသလိုခံစားလိုက်ရသည်။

ကျိုးကျွမ်က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အကြွေးတင်နေခဲ့တာလား….

ကျိုးကျွမ်နဲ့ ဝေ့ရှီမင်းတို့က လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သိနေခဲ့ကြတာလား…..

သူ ဘာလို့ ရုတ်တရက် ကြီး အကြွေးတင်သွားရတာလဲ….

ထို့အပြင် သူတို့ ပေကျင်းမှ ထွက်လာသည်နှင့် ဝေ့ရှိီမင်းအတွက် ကိစ္စအများအပြားက မှားယွင်းသွားသည်မှာ တိုက်ဆိုင်လွန်းလှသည်။ ဗီလိန်လေးက ထိုကိစ္စများနှင့်  ပတ်သက်မှု တစ်ခု ရှိနေကြောင်း ရှုနဉ် သေချာသည်။

ဒါဆို သူက ကျိုးကျွမ်နဲ့ ဝေ့ရှီမင်းကို ဘယ်အချိန်ကတည်းက စပြီး ကြံစည်ခဲ့တာလဲ….

ဝေ့မိသားစုဆီ ပြန်ရောက်တဲ့အချိန်မှ သူ စပြီးကြံစည်ခဲ့တာလား…

ဒါမှမဟုတ် ဒီထက်စောပြီး ကြံစည်ခဲ့တာလား…

ရှုနဉ်၏ ကျောရိုးတလျှောက် ကျောချမ်းသွားရသည်။ ဝေ့မင်ကျန်းက ငွေရေးကြေးရေးနယ်ပယ်ကို တိုက်ခိုက်ကျော်ဖြတ်နိုင်သူတစ်ဦးဖြစ်၍ သူ့နည်းလမ်းများက ရက်စက်ကြမ်းကြုတ်မည်မှာ သေချာသည်။

ဝေ့ရှီမင်းနှင့် ကျိုးကျွမ်တို့က အပြည့်အဝ အပြစ်တင်ခံခဲ့ရသည်။ သူထိုသို့ တွေးလိုက်မိသည်နှင့် ရှုနဉ်က ဝေ့ရှီမင်းမပေါ်  မင်ကျန်း လုပ်ခဲ့သည်များကို အထူးတလည် မမေးချင်တော့ပေ။

ဝေ့မိသားစု၏ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးအကြောင်း တွေးနေမိပြီး ရှုနဉ် ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက လိမ္မာပါးနပ်စွာဖြင့်ပြောလိုက်သည်။
"ဝေ့မိသားစုက မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံရင် ငါတို့နဲ့ အတူနေလို့ရတယ်…”

ဝေ့မင်ကျန်းက သူ့ကို ခဏ စိုက်ကြည့်နေပြီးနောက် ခေါင်းယမ်းပြလိုက်သည်။

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now