Chapter 70

2.4K 305 2
                                    

Chapter 70

ဗီလိန်လေး ထိုသို့ ချွဲသည့်အချိန်တိုင်း ရှုနဉ် မခံနိုင်ပေ။ များသောအားဖြင့် ကျောင်းတွင် သူက အေးစက်ပြီး ခပ်ခွာခွာနေတတ်သော်လည်း အမှန်တွင်မူ နူးညံ့ပြီး ပွေ့ဖက်ချင်စရာလေး ဖြစ်နေသည်။

ဘယ်သူကများ သူ့ကို ဆန့်ကျင်နိုင်ပါ့မလဲ...

သူနှင့်အတူ လိုက်သွားခြင်းက ကြီးကြီးမားမား ကိစ္စကြီးတစ်ခုတော့ မဟုတ်ပေ။ သူသာ ဂရုမစိုက်လျှင် ထူးဆန်းသည်ဟု ခံစားရမည့်သူက အခြားသူများသာ ဖြစ်လိမ့်မည်။

"သခင်မဝေ့ကရော သဘောတူပါ့မလား..."
ရှုနဉ်က မေးလိုက်သည်။

ဗီလိန်လေးက သူ့အား လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
"သူ သဘောတူလိမ့်မယ်..."

"ကောင်းပြီ၊ ဝေ့သခင်မ သဘောတူရင် ငါမင်းနဲ့ လိုက်ခဲ့မယ်..."
ရှုနဉ် ပြောလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သူက ဗီလိန်လေးကို တစ်ယောက်တည်း ပြန်သွားခိုင်းရမည်ကို အနည်းငယ် စိတ်ပူနေမိသည်။

ဗီလိန်လေး မနက်ဖြန်မှ သူ(မ)နှင့် ဆွေးနွေးမည်ဟု ရှုနဉ် ထင်ခဲ့သည်။ သို့သော် ဗီလိန်လေးက ထိုအကြောင်းကို လုံးဝ မပြောခဲ့သောကြောင့် ရှုနဉ် အံ့အားသင့်သွားသည်။ အမှန်တွင် ဗီလိန်လေးက သူမနှင့် တူတူပြန်လိုက်ရန်ကိုပါ သဘောမတူညီရသေးပေ။

ဝေ့သခင်မက စိတ်ပျက်သွားသော်လည်း လက်မလျှော့ခဲ့ပေ။ သူ ချူကျိုးတွင်နေရန်ဆုံးဖြတ်ပြီး အနီးနားရှိ ဟိုတယ်တွင် တစ်လတည်းခိုရန် ဘွတ်ကင်ယူလိုက်ကာ အချိန်ဆွဲ၍ ကစားရန် ဆုံးဖြတ်လိုက်သည်။

တစ်လတာနေထိုင်နေစဉ်အတွင်း ဝေ့သခင်မက နေ့တိုင်းလိုလို နေ့လည်စာစားပြီး စကားစမြည်ပြောရန် သူတို့ကို ကျောင်းမှ လာခေါ်တတ်သည်။ ပိတ်ရက်များတွင်လည်း  သူတို့ကို ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များသို့ ကစားရန် ခေါ်သွားလေ့ရှိသည်။ ထိုအချိန်များအတွင်း ဝေ့သခင်မက ချိုက်ချင်နှင့် ရှုယန်တို့ဆီသို့ အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့သည်။ သူက လက်ဆောင်များ ယူဆောင်လာပြီး ကျေးဇူးတင်ကြောင်း ဖော်ပြကာ သူတို့အား အမှန်တကယ်ပင် စိတ်ကျေနပ် စေခဲ့သည်။

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now