Chapter 100
ဖေးမာကျို့၏ ရှယ်ယာများအစေခံများက မဒမ်ဝေ့ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။ ဝေ့မင်ကျန်းအပေါ် မဒမ်ဝေ့၏သဘောထားကို ကြည့်ရသည်မှာ ဝေ့မင်ကျန်းက သူတို့၏ဆက်ဆံရေးကို ထိန်းချုပ်ထားနိုင်ပုံရသည်။ ဝေ့မင်ကျန်းက မဒမ်ဝေ့ကို နှာတစ်ဖျားအသာဖြင့် ဦးဆောင်နေသကဲ့သို့ ခံစားရသည်။
မဒမ်ဝေ့က သူ့ထံမှ အာမခံချက်ရလိုက်သည်နှင့် ဖုန်းချလိုက်ပြီး လီယုံးနာ့၏ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး ဝေ့ရှီမင်းအားပြောလိုက်သည်။
"စကားမစပ်…မင်းက မိသားစုဝင်မဟုတ်တော့ဘူးဆိုတော့ ငါတို့ပေးခဲ့တဲ့ အရာအားလုံးကို ပြန်ပေးရမယ်..ငါမှတ်မိတာသာ မှန်ရင် မင်းမှာ ပိုင်ဆိုင်မှုတွေ အများကြီးပဲ... ကားနှစ်စီးနဲ့ မင်းပိုင်တဲ့ကတ်နှစ်ကတ် ရှိတယ်…”
ဝေ့ရှီမင်း၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
သူက သူ့ကိုယ်သူ ကျောက်တုံးအောက်ကို ရောက်နေပြီဟု ထင်ခဲ့သော်လည်း ငရဲ ဆယ့်ရှစ်ဆင့် ရှိနေသေးသည်ကို သူ မသိခဲ့ပေ။
မဒမ်ဝေ့က သူ၏ ထိတ်လန့်နေသည့် အမူအရာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
"ဘာဖြစ်နေတာလဲ…မင်း ပြန်မပေးချင်ဘူးလား…”"မဟုတ်ဘူး …မဟုတ်ပါဘူး..."
ဝေ့ရှီမင်း ခက်ခက်ခဲခဲပြောလိုက်သည်။ လီယုံးနာ့၏ မျက်လုံးများက သူမ၏ သံသယကို ထုတ်ဖော်ပြနေသည်။"ဒါဆိုရင် မင်းရဲ့ပိုင်ဆိုင်မှုတွေကို မြန်မြန်ရေတွက်ပါ…”
ဝေ့ရှီမင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ တုံ့ပြန်မှုအရ ဝေ့ရှီမင်းက သူ၏ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းထားပြီးဖြစ်နိုင်ကြောင်း လူတိုင်းသဘောပေါက်သွားသည်။ မိသားစုထဲတွင် သူ ယခုကဲ့သို့ ပြီးဆုံးသွားရသည့် အကြောင်းအရင်းမှာ ထို ပိုင်ဆိုင်မှုများကြောင့်ပင်ဖြစ်သည်။ သူ့ ကိုယ်ရေးအချက်အလက်အမှန်ကို သိပြီးနောက်တွင် သူ၏ ပိုင်ဆိုင်မှုများကို တခြားနေရာသို့ လွှဲပြောင်းပြီး ဖြစ်နေမည်မှာ သေချာသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Fiksi RemajaTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး