Chapter 111
တစ်ပတ်တစ်ခါ ပြန်လာခြင်းချန်ယွမ်ယွမ်၏စကားကိုကြားပြီးနောက် ရှုနဉ် ကပွဲမှ မိန်းကလေးများကို ရုတ်တရက်သတိရသွားသည်။ သူတို့က ထူးဆန်းသည့် စကားများ ပြောပြီး သူ့ကို ထူးဆန်းသည့် မျက်လုံးများဖြင့် ကြည့်ကြသည်။
ရုတ်တရက်ကြီး သူ ဖိအားများလာသည်ကို ခံစားလိုက်ရသည်။
"အဲ့လို မဟုတ်ပါဘူး…”
သူအလိုလို ငြင်းလိုက်မိသည်။
"ငါတို့က အဲ့လိုဆက်ဆံရေးရှိတာမျိုး မဟုတ်ဘူး…”ချန်ယွမ်ယွမ်က အရေးမစိုက်ဟန် ပခုံးတွန့်ပြသည်။
"ဒါက ကိစ္စမရှိပါဘူး…ဘာပဲဖြစ်ဖြစ် နင်က ငါနဲ့ သက်ဆိုင်တာမှ မဟုတ်တာ…ငါ ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါက နင်နဲ့ဝေ့မင်ကျန်း အတူတူရှိနေတာကိုတောင် ပိုကြိုက်တယ်… နင် တခြားမိန်းကလေးနဲ့ အတူတူရှိနေတယ်လို့ တွေးတိုင်း ငါ မနာလိုဖြစ်မိတယ်လေ အခုလောလောဆယ်တော့ အဲ့လိုဖြစ်နေတုန်းပဲ…”ရှုနဉ် မည်သည့်စကား ပြောရမည်ကို မသိတော့ပေ။ သူ ခဏစဉ်းစားပြီးနောက် လေးလေးနက်နက်ပြောလိုက်သည်။
“တကယ်တော့ မင်းအထင်လွဲနေတာပါ..ငါက ငါ့မာမား ပြောသမျှကို နားထောင်တာမို့ ရည်းစားမရှိဘူး…ငါ့မာမားက ငါ့ကို ချိန်းတွေ့ခွင့်မပေးရင် ငါမလုပ်ဘူး…အရာအားလုံးက ငါ့မာမားနဲ့ပဲ ဆိုင်တယ်... ငါက အမေချစ်သားလေး(mama’s boy)ပဲဆိုတာကို ငါသိပါတယ်…”ချန်ယွမ်ယွမ် အံ့အားသင့်သွားသည်။
"တကယ်လား..”ရှုနဉ် သတိထားပြီး ခေါင်းညိတ်လိုက်သည်။
"တကယ်ပေါ့…ငါက မင်းထင်သလောက် မတော်ဘူး…"“နင်သာ တကယ်ကြီး အမေချစ်သားလေးဆိုရင် နောက်ကျရင် ရည်းစားရှာဖို့ ခက်လိမ့်မယ်…”
ချန်ယွမ်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။"ဟေး ငါက မာမား ပြောတာကို နားထောင်ရုံပါပဲ..."
ရှုနဉ်က သူ့လက်ကိုယမ်းပြလိုက်သည်။"သူပြောသမျှကို ငါလုပ်တယ်… ငါ့ရဲ့စားဝတ်နေရေး အတွက် ငါ့မာမားကို အားကိုးနေရတုန်းပဲလေ…ငါ့မှာ ဘာ အိပ်မက်မှ မရှိဘူး…အနာဂတ်မှာ ငါ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး နေချင်တယ်…ငါ့မိသားစုက ငါ့ကို ဂရုစိုက်ပေးလိမ့်မယ်…ငါက သူ မဟုတ်ရင် ဘယ်သူပြောတာကို နားထောင်ရမှာလဲ ..နောက်ပြီး အမေချစ်သားလေး
ဖြစ်ရတာ အရမ်းကောင်းတယ်လို့ ငါတော့ ထင်တာပဲ…”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး