Chapter 64
သူရည်းစားစာရတယ်ညစာစားပြီးနောက်တွင် နှစ်ယောက်သားက သူတို့အခန်းဆီသို့ ပြန်သွားကြသည်။
ယင်းမင်ကျန်းက မေးစေ့ကိုပွတ်၍ ရှုနဉ်ကို ကြည့်လိုက်သည်။ ရှုနဉ်က ကုတင်အောက်မှ ဗူးကိုထုတ်ရန် ကုန်းနေစဉ် သူ့အကြည့်ကို သတိထားမိသောအခါတွင် မျက်ခုံးပင့်ကြည့်လိုက်သည်။
“မင်းဘာကိုကြည့်နေတာလဲ...”ယင်းမင်ကျန်းက မေးစေ့အောက်မှ လက်ကိုဖယ်လိုက်သည်။
“ငါစဉ်းစားနေတာ မင်းက တကယ်ပိန်တာလေ အဲဒါကို ဘာလို့ ဒီလောက်လေးနေရတာလဲ...”ရှုနဉ်က စိတ်တိုသွားပြီး ကိုယ်ကိုပြန်မတ်လိုက်သည်။
“မင်းပြောလို့ပြီးပြီလား...”ဒီအရူးဗီလိန်လေးက အရမ်းစိတ်တိုစရာကောင်းတာပဲ…
ယင်းမင်ကျန်းက ရုတ်တရက်လျှောက်လာပြီး သူ့ခါးကို ဆွဲဆိတ်လိုက်သည်။
ရှုနဉ်က ထိတ်လန့်သွားရသည်။
“ဘာလဲ...”“မင်း ဒီနေရာက တော်တော်ပိန်တယ်...”
ထို့နောက် ယင်းမင်ကျန်းက ရှုနဉ်၏ ဝမ်းဗိုက်ကို ထိလိုက်သည်။
“ဒီမှာလည်း ဘာမှမရှိဘူး...”ရှုနဉ်က အော်လိုက်သည်။
“မင်းဘာလုပ်တာလဲ...”ယင်းမင်ကျန်းက သူ့ပေါင်ကိုလည်း ဆွဲဆိတ်သည်။
“မင်းပေါင်မှာလည်း အသား အဲဒီလောက်မရှိဘူး...”“ခွေးကောင်လေး”
ရှုနဉ်က ဒေါသဖြင့် ပေါက်ကွဲနေသော်လည်း ယင်းမင်ကျန်းက သူ့ကို လွယ်ကူစွာဖြင့် အိပ်ရာပေါ်သို့ တွန်းလိုက်သည်။ယင်းမင်ကျန်းက သူ့ကိုလွှတ်၍ နောက်ဆုတ်လိုက်ပြီး မေးစေ့ကိုပွတ်၍ ရှုနဉ်ကိုကြည့်နေသည်။ ခဏကြာသောအခါတွင် သူက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလာသည်။
“အိုး ငါသိပြီ မင်းအရိုးထဲက အသားတွေအားလုံးက ဖင်ကိုရောက်သွားတာ... အဲဒီီနေရာက တကယ် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေတာ မင်းကြီးတယ်လို့ပြောတုန်းက တကယ်မှန်တာပဲ...”ရှုနဉ်က အသိစိတ်ကင်းမဲ့လုနီးပါးဖြစ်သွားပြီး အိပ်ရာပေါ်မှ ခေါင်းအုံးကိုဆွဲယူကာ ယင်းမင်ကျန်းကို အသေအလဲ ရိုက်နှက်တော့သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး