Chapter 84
အကယ်၍ သူတို့သာ ဝေ့မင်ကျန်းနှင့် သူငယ်ချင်းဖြစ်ပါက၊ သူတို့လည်း Omega Seamaster ကိုရနိုင်လောက်သည်။
သူတို့အားလုံး မငြိမ်မသက်ဖြစ်စ ပြုလာသည်။ ရုတ်တရက် လူတိုင်း ဝေ့မင်ကျန်းနှင် ရင်းနှီးအောင်မည်သို့ လုပ်ရမည်ကို တွေးနေကြသည်။
မိန်းကလေးတစ်ယောက်က ရုတ်တရက်ထပြောလိုက်သည်။
“အဲ့ဒါက နင်က သူမရဲ့ အနာဂတ်ချွေးမလောင်းလေး ဖြစ်တာကြောင့် မဟုတ်တာ သေချာလား..ရှုနဉ်က သူ့ကို နောက်ထပ် မျက်စောင်းတစ်ခု ထပ်ထိုးလိုက်သည်။
ကောင်မလေးက သူ့ကို မျက်စပစ်ပြကာ ရယ်လိုက်သည်။
မိန်းကလေးများက ဝေ့ရှီမင်းနှင့် ဝေ့မင်ကျန်းကို စနောက် ရန် သတ္တိမရှိကြသော်လည်း ရှုနဉ် ရောက်ရှိလာသောအခါ သူတို့ မထိန်းနိုင်ကြပေ။ သူက ရုပ်ရည်ချောမောပြီး ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူ၏မိသားစုနောက်ခံက အလှမ်းဝေးလွန်းလှသည်။
ဘယ်သူကများ သူ့ကို ထောက်ပံ့ပေးမှာလဲ…
"ဟုတ်တယ်လေ..နင်တို့ရဲ့အဝတ်အစားတွေကို ကြည့်လိုက်ဦး..တစ်ယောက်က အနက်ရောင်နဲ့ တစ်ယောက်က အဖြူနဲ့..နင်တို့ရဲ့အဝတ်အစားတွေကတောင် လိုက်ဖက်နေတယ်…”
အခြားမိန်းကလေးတစ်ဦးက နောက်ပြောင်လိုက်သည်။ရှုနဉ် ရှက်လာသည်။ သူက ရန်သူကို တိုက်ပွဲဝင်နေခြင်းဖြစ်သော်လည်း ထို မိန်းကလေးများက အခြားလမ်းကြောင်းကိုသာ အမြဲတွေးနေကြသည်။
သူက ထို မိန်းကလေးများအား စိုက်ကြည့်လိုက်သည်။
"ဝေ့ရှီမင်းနဲ့လည်း လိုက်တယ်မလား...ငါ ဘယ်သူနဲ့ပိုလိုက်လဲ ဟမ်…”ဒီမေးခွန်းကို မေးလိုက်သည်နှင့် ကောင်မလေးများ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
"ဟုတ်တယ်၊ ဘယ်သူနဲ့ တွဲနေတာလဲ...သူတို့ကို အတွဲ ကောင်းကောင်းတွဲပေးဖို့လိုတယ်…”
"ရှုး ကျန့်ယောင်ကြည့်နေတယ်…”
"အဲ့ဒါဆိုရင်. ဝေ့ရှီမင်းနဲ့တွဲပေးလို့ မဖြစ်ဘူး…”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး