Chapter 79
အမည်ပြောင်းလဲခြင်းသူမမိဘများ၏ နှင်ထုတ်ခြင်းကို ခံရပြီးနောက် သူမထံတွင် မည်သည့်ပိုက်ဆံမှ မရှိခဲ့ပေ။ သူမက ငွေတိုးချေးသူများ၏ လိုက်ဖမ်းခြင်းကို ခံနေရပြီး လက်ချောင်းများကို အဖြတ်ခံလိုက်ရကာ သူမ၏မျှော်လင့်ချက်အားလုံးကို ပုံအောထားသည့် သားက ကျေးဇူးကန်းသူတစ်ယောက် ဖြစ်နေခဲ့၍ ကျိုးကျွမ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ယခု သူမက ပိုက်ဆံကိုသာ လိုချင်ကာ အချစ်ကို မေ့လိုက်ပြီဖြစ်သည်။
ဝေ့ရှီမင်းကို စကားနားထောင်ရန်အတွက် ဖိအားပေးရန် သူမက ငွေတိုးချေးသူများနှင့် ပူးပေါင်းခဲ့သည်။ ဝေ့ရှီမင်းကို ဖိအားပေးရန် သူတို့၏ ပါဝါနှင့် ချိတ်ဆက်မှုများကို အသုံးပြုခဲ့သည်။ ငွေတိုးချေးသူများက ဝေ့ရှီမင်းကို အသံသွင်းထားသည့်ဖိုင်အတွက် ယွမ်ဆယ်သန်းနှင့် လဲလှယ်ခိုင်းသည်။ ကျိုးကျွမ်ကလည်း သူတို့ထံမှ ယွမ်နှစ်သန်းရရှိမည်ဖြစ်သောကြောင့် သူတို့သဘောအတိုင်း လုပ်ခွင့်ပေးခဲ့သည်။
သူမက မိသားစု၏ ချစ်ခင်မှုကို စွန့်လွှတ်လိုက်သောကြောင့် အားလုံးကို စွန့်ပစ်လိုက်နိုင်သည်။ ဝေ့ရှီမင်းထံမှ အရာမျိုးစုံကို အရှက်မဲ့စွာ တောင်းဆိုခဲ့သည်။
အကယ်၍ အမှန်တရား ပေါ်ပေါက်လာလျှင် သို့မဟုတ် ဝေ့ရှီမင်း တစ်ခုခုကို ဖော်ထုတ်လိုက်လျှင် သူ့ထံမှ ပိုက်ဆံ ထပ်မရနိုင်မှန်း သူမ သေချာ သိသည်။ သူ လုပ်နိုင်စဉ်အချိန်အတွင်း ရနိုင်သလောက် ညှစ်ထုတ်ရန် လိုသည်။
သူမက ငယ်ရွယ်သေးကာ အသက်ငါးဆယ်အရွယ်တွင်ပင် ကလေးမွေးနိုင်သည့်သူများ ရှိသေးသည်။
သူမကရော ဘာလို့ မတတ်နိုင်ရမှာလဲ…
သူမ သေချာပေါက် ထိပ်ဆုံးကို ရောက်အောင်သွားရမယ်…
သူ့မှာ ပိုက်ဆံရှိနေသေးသရွေ့ သူ လူအသစ်ရှာပြီး သာယာသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။ သူမက နောက်ကလေးတစ်ယောက်မွေးပြီး ထိုကလေးကို သူမကိုယ်တ်ိုင် ပြုစုပျိုးထောင်မည်။ သူမ၏ကလေးက သူမအသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ပေးလိမ့်မည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Novela JuvenilTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး