Chapter 5
ဆရာမရဲ့အချစ်တော် [ အိမ်မွေးတိရိစ္ဆာန် ] လေးအဖေနှင့်သားက ဆိုဖာပေါ်၌ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။တိုက်ခိုက်နေစဉ်အတွင်း ယင်းမင်ကျန်းက ယင်းချန်းကို ဆိုဖာပေါ်သို့ တွန်းချပြီး သူ့မျက်နှာကို နှစ်ချက်ထိုးလိုက်သည်။
“ရပ်လိုက်”
ကျိုးကျွမ် အရမ်းထိတ်လန့်သွားသည်။ သူမကအရှေ့သို့ ကပျာကယာပြေးသွားကာ ယင်းမင်ကျန်းကို နောက်သို့ဆွဲလိုက်သည်။
ယင်းမင်ကျန်းက အသက်ကိုပြင်းပြင်းရှုပြီးမတ်တပ်ရပ်လိုက်သည်။ယခင်က သူတစ်ခါမှ မလုပ်ဖူးသည့်ပုံစံနှင့် အားမာန်အပြည့်ဖြင့် ကြမ်းတမ်းစွာပြောလိုက်သည်။
“ယင်းချန်း ခင်ဗျားကျုပ်အမေကိုထပ်ရိုက်ရင် ကျုပ်ခင်ဗျားကိုပြန်ရိုက်မယ်။”
ယင်းချန်းက သူ့သား၏ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။ သူက အံ့ဩတကြီးထရပ်လိုက်မိသည်။ထို့နောက်သူက ယင်းမင်းကျန်းဗိုက်ကိုရုတ်တရက်ကန်လိုက်သည်။ထိုကန်ချက်က အရမ်းကို ရက်စက်သည်။ ယင်းချန်းက သူ့ခွန်အားတွေကိုလုံးဝထိန်းမထားခဲ့ပေ။
ယင်းမင်ကျန်းကအ နောက်သို့အကန်ခံလိုက်ရပြီးကြမ်းပြင်ပေါ်သို့လဲကျသွားသည်။
ယင်းချန်းက ဒေါသတကြီးဖြင့် ကော်ဖီစားပွဲပေါ်မှ ဘီယာပုလင်းကိုဆွဲယူပြီး ယင်းမင်ကျန်းကိုပစ်ပေါက်လိုက်သည်။
ယင်းမင်ကျန်းက ရှောင်လိုက်ပြီးဘီယာပုလင်းက ဧည်းခန်းထဲရှိတစ်ခုတည်းသောပြတင်းပေါက်မှ ပျံထွက်သွားသည်။၎င်းက ပြုတ်ကျပြီးကွဲသွားသည့်အသံကြောင့် တုန်လှုပ်ခြောက်ချားနေသည့်လူများ၏ အော်သံများထွက်ပေါ်လာသည်။
“ပစ်မိသွားပြီ”
ကျိုးကျွမ်က ခပ်တိုးတိုးပြောပြီး ပြတင်းပေါက်အသေးလေးဆီသို့ပြေးကာ အောက်ငုံ့၍ကြည့်လိုက်သည်။
ယင်းချန်းလဲထိတ်လန့်သွားသည်။သူက ကျိုးကျွမ် ခေါင်းက ပြတင်းပေါက်အပြင်သို့ထွက်တာကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သူမခေါင်းကို အနောက်ဘက်သို့ဆွဲကာ ပါးရိုက်လိုက်သည်။သူက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Genç KurguTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး