Chapter 9
လှောင်ပြုံး_____
နောက်တစ်နေ့တွင် ရှုနဉ် စာသင်ခန်းတွင်းသို့ မဝင်မီ စာသင်ခန်း၏ အနောက်တံခါးနားတွင် ဝန်းရံနေသော တခြားအတန်းမှ မိန်းကလေး အဖွဲ့ကို သူတွေ့လိုက်ရသည်။သူတို့က စိတ်လှုပ်ရှားစွာဖြင့် အခန်းတွင်းဘက်ကို ကောင်းကောင်းမြင်နိုင်ရန် လည်ပင်းများကိုမော့၍ ကြည့်နေကြသည်။
ရှုနဉ် စိတ်ရှုပ်ထွေးသွားပြီး အရှေ့တံခါးမှ ဖြတ်၍ စာသင်ခန်းအတွင်းသို့ဝင်လိုက်သည်။ အခန်းတွင်းသိူ့ရောက်သောအခါတွင်လည်း သူ့အတန်းဖော်များက နောက်ဆုံးအတန်းဘက်သို့ တိတ်တဆိတ်ချောင်းကြည့်နေကြတာကို သူတွေ့လိုက်ရသည်။
သူတို့ကြည့်ရာဘက်သို့ လိုက်ကြည့်ပြီး နောက်ဆုံးတွင် သူတို့ ဘယ်သူကို အာရုံစိုက်နေကြသလဲဆိုတာကို ရှုနင် သိသွား၏။
နောက်ဆုံးအတန်း၌ ဆံပင်အတိုနှင့် ချောမောသန့်ရှင်းသော ကောင်လေးတစ်ယောက်ထိုင်နေသည်။ အရင်က သူ့အဝါရောင်ဆေးဆို့ထားသည့်ဆံပင်တွေက အရမ်းရှည်နေပြီး အရင်းရှိ ဆံပင်များကလဲ ထွက်နေသောကြောင့် အရောင်မညီမညာဖြစ်ကာ ရှုပ်ထွေးပြီး ဆွဲဆောင်မှုမရှိသလို ဖြစ်နေသည်။ယခုမူ အဝါရောင်ဆံပင်အားလုံးကို ညှပ်ချလိုက်ပြီး ဆံပင်အမဲများသာ ကျန်တော့သည်။ သူက လုံးဝကို တခြားသူတစ်ယောက်နှင့်တူနေသည်။
သူ့ရဲ့ စိတ်တိုချင်စရာရုပ်ဆိုးတဲ့ အဝါရောင်ဆံပင်တွေ မရှိတော့သောအခါ ဗီလိန်လေးရဲ့ ချောမောလှပတဲ့ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းပဲ အားလုံးမြင်တွေ့သွားရသည်။
သူ့နှုတ်ခမ်းတွေက နီရဲပြီး သွားလေးတွေကလဲ ဖြူသည်။ သူ့မျက်နှာသွင်ပြင်ကလည်း ကဗျာဆန်ပြီး ဆွဲဆောင်မှုရှိသည်။
သူ့မှာ ရုပ်ဆိုးတဲ့ နေရာ တစ်ခုလေးတောင်မှ ရှိမနေဘူး။
သူက လတ်တလောတွင် စာအုပ်တစ်အုပ်ကို ငုံ့ကြည့်နေသည်။သူ့ရဲ့ ရှည်လျားသည့် အနက်ရောင်မျက်တောင်များက လိပ်ပြာတောင်ပံများကဲ့သို့ လှုပ်ခတ်နေသည်။
သူ့အသားအရေကလည်း ကျောက်စိမ်းကဲ့သို့ဖြူ၏။
ထိုအချိန်မှာပဲ ရှုနဉ်၏ စိတ်အတွင်းသို့ ဖြတ်ဝင်လာသည့် ပထမဆုံးအတွေးမှာ - ဗီလိန်လေးက အသားဖြူလာတာက သူ့ရဲ့ရွှေရောင်ဆံပင်ကြောင့် မဟုတ်ဘူး...သူက သဘာဝအတိုင်းကို အသားဖြူတာပဲ။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Ficção AdolescenteTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး