Chapter 10
ပုံတူကူးတယ်ဆိုတာကလဲ အနိုင်ကျင့်ခြင်းတစ်မျိုးပဲဗီဒီယို ပွင့်လာပြီးနောက် ရှုနဉ်က တစ်ဒါဇင်လောက်ရှိသည့် အမှိုက်ဂိမ်းကြော်ငြာများကို ကျော်လိုက်ပြီး နောက်ဆုံးတွင် ပထမပိုင်း စလာတော့သည်။
ရှုနဥ်က ဗီဒီယိုမှာရှိသည့် ကြည့်ရှုသူအရေအတွက်ကို တစ်ချက်ကြည့်လိုက်သည်။
ကျစ်...
သူသိသလောက်ပြောရလျှင် ထိုတီဗွီဇာတ်လမ်းတွဲထွက်သည်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကထဲကဖြစ်သည်။
ဘာလို့များ ကြည့်ရှုသူက တစ်သောင်းထက်နည်းနေရတာလဲ။
လူကြိုက်မများဘူးဆိုတာ သေချာသည်။
မှတ်ချက်ပေးထားသည်များက ဇာတ်လမ်းတွဲမျက်နှာပြင်၌ပေါ်လာသည်။မှတ်ချက်တွေက သိပ်များများစားစားမရှိဘဲ အကုန်လုံးက တညီတညာတည်း ဇာတ်လမ်းတွဲ ကို လှောင်ပြောင် ပြောဆို ထားကြ၏။
“နာမည်ဆိုးနဲ့ကြော်ကြားတဲ့ခြေထောက်လှုပ်နည်းကိုလာကြည့်ကြပါဦး”
“2:33 ကနေစပြီးကြည့်ဖို့ ငါအကြံပေးလိုက်မယ်”
ရှုနဉ်က ထိုအကြံပြုချက်အတိုင်းဗွီဒီယို ဘားတန်းလေးကို 2:33 သို့ရွှေ့လိုက်သည်။ဇာတ်လိုက် ဩဂတ် က ကျပန်းကျေးရွာတချို့၏တောင်ခါးပန်း ပေါ်၌ရပ်နေသည်။ခြေထောက်တစ်ဖက်ကို ရှေ့သို့ဆန့်ထားပြီး သူ့မေးစေ့ကို မော့လိုက်ကာ သူ့မျက်လုံးများကို မှေးလိုက်ပြီး ကြုံးဝါးလိုက်သည်။
“မင်းတို့အားလုံးက သေဖို့တောင်းဆိုနေကြတာပဲ”
ထို့နောက် သူ့ခြေထောက်တွေကို စလှုပ်လိုက်သည်။
ရှုနဉ်လဲ ထိုဟာကို ဗီလိန်လေးရဲ့ခြေထောက်လှုပ်သည့်စွမ်းရည်နှင့်နှိုင်းယှဉ်ကြည့်လိုက်မိသည်။ထိုဟာက တကယ်ကြီးကို စောက်ရမ်းထပ်တူကျနေမှန်း သူသိလိုက်ရ၏။
သေစမ်း...ဗီလိန်လေးက ခြေထောက်လှုပ်နေတဲ့အချိန်မှာ သူ့ကိုယ်သူ မဟာဩဂတ် လို့ထင်နေတာလား...။
“ဟဟဟဟဟ”
အတန်းတစ်ခုလုံး ရှုနဉ်ကို ထိတ်လန့်စွာဖြင့်လှည့်ကြည့်လိုက်ကြသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး